မေလတတိယပတ်တွင် မုတ်သုန် စတင်ဝင်ရောက်နိုင်ပြီး ယ ခုရက်ပိုင်းအတွင်း မုတ်သုန်အကြိုမိုးရွာသွန်းနိုင်ခြေရှိနေ

0
192

အနောက်တောင်မုတ်သုန်လေမှာ အီကွေတာစည်းမျဉ်းအနီးရောက်ရှိနေပြီဖြစ်ပြီး လာမည့် မေလ တတိယပတ်မှစတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်နိုင်ကြောင်းနှင့် နိုင်ငံတ စ်ဝန်း၌ မုတ်သုန်အကြို မိုးရွာသွန်းနိုင်ဖွယ်ရှိကြောင်း မြန်မာ နိုင်ငံတောင်ပိုင်း မိုးလေဝသအခြေအနေများအား အသိပေးထုတ်ပြန်ပေးနေသော မွန်၊ကရင်၊ တနင်္သာရီ မိုးလေဝသစင်တာက မေလ(၆)ရက်တွင်အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ စင်တာ၏ အသိ‌ပေးချက်တွင် နိုင်ငံတကာ မိုးလေ ဝသ ဝက်ဘ်ဆိုဒ်များ၏ ခန့်မှန်းချက်အရ အနောက်တောင် မုတ်သုန်လေသည် မေလ (၁၆) ရက် မှ (၁၉) ရက်အတွင်း တောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေလ(၂၁)ရက် မှ (၂၂ )ရက် အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့ လည်း ကောင်း၊ မေလ (၂၂)ရက် မှ (၂၅)ရက် အတွင်း အလယ်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ (၂၆)ရက် မှ ဇွန်လ (၃) ရက်အတွင်း မြောက်ပိုင်းဒေသများသို့ လည်ကောင်းအသီး သီးဝင်ရောက်နိုင်ကြောင်း ခန့်မှန်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အက်ဒမန် ပင်လယ်ပြ င်တို့ရှိ ရေပြင်အပူချိန် မြင့်တက်လာလျှက်ရှိနေသည့်အတွ က် မုန်တိုင်းဖြစ်လာနိုင်မှုကို သတိထား စောင့်ကြည့်ရမည်ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ် လာပါက လက်ရှိခန့်မှန်းချက်များထက်စော၍ မုတ်သုန်ဝင်ရောက်လာနိုင်ကြောင်းလည်း အသိ ပေးထားသည်။

နိုင်ငံပိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်းကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ မေလ (၇)ရက်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား၊ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတို င်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် နယ်တို့တွင် နေ ရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း (၈၀) ဖြစ် ကြောင်း အသိပေးထားသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ နေပြည်တော်၊စစ်ကို င်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချဘင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ကယားပြ ည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆို ပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင်မိုး ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြ င်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြို တင်သတိပြုနိုင်ပါရန် နှိုးဆော်ထားသည်။

ထို့ပြင် နောက်(၂)ရက်အတွက် ခန့်မှန်းချက်အရ နေပြည် တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြ ည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here