ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၀၀၀၀ ကျော် တင်ပို့ခဲ့

0
129

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အစ ‌ဧပြီလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲများကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ လစဉ်တင်ပို့ရောင်းချပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလတွင် ပြည်တွင်းဆန်တင်ပို့သ ည့်ကုမ္ပဏီ (၄၅) ခုက ဆန်တန်ချိန် ၄၂၇၇၀ နှင့် ဆန်ကွဲ ၆၉၀၉၂ တန် စုစုပေါင်းဆန်နှင့်ဆန်ကွဲ ၁၁၁၈၆၂ တန် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်းချရာတွင် ဆန်ကို ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံ (၂၂) နိုင်ငံ၊ ဆန်ကွဲကို ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံ (၁၃) နိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါဆန်နှင့် ဆန်ကွဲများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်ပို့ရောင်းချခဲ့ရာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ဆန်နှင့်ဆန်ကွဲ ၁၁၁၄၆၂ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၀၀ တန် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်းချခဲ့ရာတွင် စပိန်နိုင်ငံသို့ ဆန် ၁၀၆၇၅ တန်ဖြင့် အများဆုံတင်ပို့ရောင်းချခဲ့ပြီး ကင်မရွန်နိုင်ငံသို့ ဆန်တန်ချိန် ၈၀၄၀ ဖြင့် ဒုတိယအများဆုံး၊ ပိုလန်နိုင်ငံသို့ ဆန် ၄၄၂၉ တန်ဖြင့် တတိယအများဆုံး၊ တိုဂိုနိုင်ငံသို့ ဆန်တန်ချိန် ၄၀၀၀ ဖြင့် စတုတ္ထအများဆုံးနှင့် မိုဇမ်ဘစ်နိုင်ငံသို့ ဆန် ၂၆၅၂ တန်ဖြင့် ပဉ္စမအများဆုံး တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here