မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈) တွဲ ရောင်းချနိုင်ခဲ့

0
137

နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပနေသည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈) တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် ပြပွဲအတွင်းခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှု့ခဲ့ကြသည်။

ပြပွဲတွင် ကျောက်မျက်အတွဲ (၁) မှ (၁၆၀) အထိ ကျောက်မျက်အတွဲများအတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ ရောင်းချရကြောင်း ကြေ ညာခဲ့သည်။

ထို့ပြင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၉၅၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက် စိမ်းအတွဲများကို ပြပွဲပဉ္စမနေ့တွင် ကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။

မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူကြသူများဖြင့် စည်ကားလျ က်ရှိကြောင်း သိရသည်။

ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ (၁၂) ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here