ကူဝိတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့နှင့် မြန်မာ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေး 

0
141

ကူဝိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (KFAED) နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိ စ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးမှ မေ လ(၅) ရက်က ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (Kuwait Fund for Arab Economic Development -KFAED) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Waleed Sh. Al-Bahar အား ၎င်း၏ ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန် ပုံငွေအဖွဲ့ (KFAED) နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်နှင့် အလားအလာကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ KFAED သည် ဖွံဖြိုးဆဲနိုင်ငံများသို့ နည်းပညာအကူအညီများနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here