မင်းဘူးမြို့တွင် ပြည်သူများ အပူဒဏ်လျော့ပါးသက်သာစွာ နေထိုင်နိုင်ရန် အပူရှောင်စခန်းကို (၂)ပတ်ကြာ ဖွင့်လှစ်ပေးထားမည် 

0
61

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ပြည်သူများ အပူဒဏ်လျော့ပါးသက်သာစွာ နေထိုင်နိုင်ရန် အပူရှောင်စခန်းကို ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မေ လ (၂)ရက်မှ စတင်ကာ (၂) ပတ်ကြာ ဖွင့်လှစ်ထားကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အပူရှောင်စခန်းကို မင်းဘူးမြို့ရှိ အဘိုးအဘွားများ သက်တောင့်သက်သာ နားနေနိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၎င်းအပူရှောင်စခန်းတွင် သက်ကြီးရွယ်အို ဘိုးဘွားများကို အဓိက လက်ခံမည်ဖြစ်ကာ အပူရှောင် နားနေရင်း ကျန်း မာရေး စစ်ဆေးမှုများကိုပါ တပါတည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အပူရှောင်စခန်း စတင်ဖွင့်လှစ်သည့် မေလ(၂)ရက်တွင် သက်ကြီးဘိုးဘွား (၈၀)ခန့် လာရောက် နားနေခဲ့ပြီး မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီးများ၊ မျ က်စိအထူးကု ဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး၊ အရိုးအထူးကု ဆရာကြီးများ လာရောက်၍ နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ကျန်းမာ ရေးစစ်ဆေးပေးခဲ့သည်။

ဆေးကုသမှု ခံယူရာတွင် မျက်စိဝေဒနာ၊ ဒူးမကောင်းခြင်း နားမကြားခြင်းများ ပြသမှုများပြီး အများဆုံးမှာ အထွေ ထွေရောဂါနှင့် မျက်စိဝေဒနာတို့ဖြစ်ပြီး အထွေထွေတွင် သွေးတိုးနှင့် ဆီးချိုတို့ ပြသမှုများကြောင်း သိရသည်။  

အဆိုပါ အပူရှောင်စခန်းတွင် လာရောက်နားနေသည့် အဘိုး ဘွားများအနေဖြင့် စာဖတ်ခြင်း၊ TV ကြည့်ခြင်း တရားထိုင်ခြင်းအစရှိသည့် ကြိုက်နှစ်သက်ရာများ လုပ်ဆောင်နိုင်ပြီး အစားသောက်အနေဖြင့် ထမင်းအပြင် အခြားစားသောက်ဖွယ်ရာများကို စီစဉ်ပေးထားကြောင်း သိရသည်။  

၎င်းအပူရှောင်စခန်းကို မင်းဘူးမြို့ရှိ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မေလ (၂)ရက်မှ မေလ (၁၄)ရက်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး နံနက် (၈) နာရီမှ ညနေ (၆)နာရီအထိ အဘိုးဘွား လက်ခံပေးထားမည်ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here