ဖလိုင်းဝိတ် ဝိတ်တန်းတွင် ရပ်တည်မှု အဆင့် (၁၃)နေရာ၌ ရှိနေသည့် ဂျပန်ဖိုက်တာနှင့် ဂျော့ရှူဝါဗန် တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
220

ဖလိုင်းဝိတ် ဝိတ်တန်းတွင် ရပ်တည်မှု အဆင့် (၁၃)နေရာ၌ ရှိနေသည့် ဂျပန်ဖိုက်တာနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ ဂျော့ရှူဝါဗန်တို့ လာမည် ဇွန်လ(၂)ရက်တွင် ကျင်းပမည့် UFC 302 ပွဲစဉ်၌ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဥ်အတွက် UFC တွင် ကစား သမားနှစ်ဦး စာချု ပ်လက်မှတ်ထိုးထားပြီး ဖြစ်ကြောင်း သိရသည်။

“ဗန်နဲ့ တက်ဆူရိုတို့ ပွဲမှာ ဗန်အတွက် ကစားသမား ဘဝ နော က်တစ်ဆင့် Next level တက်လှမ်းနိုင်မယ့် စမ်းသပ်မှု ဖြစ်ပြီး တက်ဆူရိုအတွက်ကတော့ ranking မှာ အဆင့် ၁၀ အ တွင်း ဝင်ရောက်ရေးအတွက် စာမေးပွဲ တစ်ခုပါ။ နှစ်ယော က် လုံးအတွက် အခုပွဲဟာ မလွယ်ကူပါဘူး။နှစ်ယောက်လုံးအတွက် အရေးကြီးတဲ့ ပွဲပါ။ နှစ်ယောက်လုံးဟာ စိတ်ဓါတ်ကောင်းတဲ့ ခံယူချက် မြင့်မားတဲ့ ဖိုက်တာတွေလည်း ဖြစ်ပါတယ်”ဟု UFC ပွဲစဉ်များအား လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။

ဂျော့ရှူဝါဗန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာသည် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် (၁၅) ပွဲထိုးသတ်ထားကာ UFC က ပြုလုပ်သည့် ပွဲ(၅)ပွဲ က စားထားသူဖြစ်ပြီး၊ ရှုံးပွဲမရှိ ကစားထားနိုင်သူတစ်ဦးဖြစ်သ ည်။

အလားတူ ဂျော့ရှူးဝါဗန်သည် UFC ဖိုက်တာဘဝ ပထမဆုံးပွဲစဥ်မှအစပြု၍ (၈) ပွဲဆက် အလဲထိုး အနိုင်မှတ်တမ်းရှိသူဖြစ်ကာ ပွဲတိုင်းတွင် ၎င်း၏ ထိချက်ပြင်းထိုးချက်ကန်ချက် များဖြင့် အလဲထိုးသ-တ်ခဲ့သူတစ်ဦးလည်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here