မုံရွာမြို့တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကျင်းပ

0
63

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မေလ (၅)ရက်နံနက်ပိုင်းက (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချ င်းတွင်း ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအားဖတ်ကြားပြီး မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ် ဖြေဆိုပြိုင်ပွဲတွင် ပထမဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။

အလားတူ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ဒုတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီး မြှင့်ငွေ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦးက တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ ခန်းမအတွင်းခင်းကျင်း ပြသထားသော ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးငြိမ်းသတ်ရေးကိရိယာများနှင့် တိုင်းဒေ သကြီးအတွင်းရှိ မြို့နယ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့် မီးလောင်မှုဖြစ်ပွားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here