ယနေ့ Thai Fight week(37)ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ နှစ်ဦးစလုံးအနိုင်ရရှိ

0
55

ယနေ့ မေလ(၅)ရက် ညနေပိုင်းအချိန် ထိုင်းနိုင်ငံ၌ ကျင်းပြုလုပ်ခဲ့သည့် Thai Fight ၏ week(37)ပွဲစဉ်အတွင်း မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ နှစ်ဦးစလုံးအနိုင်ရရှိခဲ့သည်။

ရိုးရာဖိုက်တာ စောအေးစီးနှင့် မွေထိုင်းဖိုက်တာ PATCH KIATTISKA တို့၏ (၆၁) ကီလိုတန်းယှဉ်ပြိုင်ထိုးသ-တ်မှုတွင် စောစေးစီးက လက်ရည်အသာဖြင့် အချီပြည့်ထိုးသ-တ်နိုင်ခဲ့ပြီး ဒိုင်အဆုံးအဖြတ် အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရိုးရာဖိုက်တာ မာန်ရဲကျော်စွာနှင့် မွေထိုင်းဖိုက်တာ CHA AUADLEK တို့၏ (၆၅)ကီလိုတန်းယှဉ်ပြိုင်ထိုးသ-တ်ရာ၌ မာန်ရဲကျော်စွာက ထိုင်းဖိုက်တာကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ ပြုလုပ်မည့် Thai Fight ၏ week(37)ပွဲစဉ်၌ မြန်မာဖိုက်တာနှစ်ဦး၏ တွဲဆိုင်း နှစ်ဆိုင်းအပါအဝင် တွဲဆိုင်း (၁၀)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာရာ ၊ ယင်းအနက် အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းပါဝင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here