ဂါဇာမြောက်ပိုင်း၌ ငတ်မွတ်ခေါင်းပါးမှုဘေးနှင့်ရင်ဆိုင်နေရ–WFP

0
358
A Palestinian man pushes his bicycle in Beit Lahya in the northern Gaza Strip on May 4, 2024, amid the ongoing conflict between Israel and the militant group Hamas. (Photo by AFP)

ဝါရှင်တန်၊မေ ၅

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲက ဂါဇာမြောက်ပိုင်း၌ ငတ်မွတ်ခေါင်းပါးမှုဘေးသည် အဆိုးရွားဆုံးဖြစ်လာနိုင်ကြောင်း သတိပေးထားပြီး အစ္စရေး – ဟားမတ်စ်စစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့လည်းထပ်လောင်းတောင်းဆိုခဲ့ကြောင်းသိရသည်။

ဂါဇာမြောက်ပိုင်း၌ ငတ်မွတ်ခေါင်းပါးမှုဘေးသည် အကြီးကျယ်ဆုံးဖြစ်လာနိုင်ပြီး ယခုအခါတောင်ဘက်ပိုင်းသို့ပါ ဆက်လက်ရွေ့လျားနေသည်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အမှုဆောင်ဒါရိုက်တာ စင်ဒီမက်ကိန်းက မေလ ၃ ရက် က အင်တာဗျူး တစ်ခုတွင်ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကမ်းမြောင်ကို အကူအညီပေးပို့တဲ့အခါ လုံလုံခြုံခြုံဝင်ရောက်နိုင်ပြီး အခုနည်းလမ်းတွေနဲ့တင်မကဘဲ တခြားနည်းလမ်းတွေနဲ့ပါထောက်ပံ့ပေးနိုင်ဖို့တောင်းဆိုနေတာပါ” ဟုလည်း၎င်းကဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ကြိုးစားနေသည့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များစွာထဲမှတစ်ခုလည်းဖြစ်သည်။

ဂါဇာကမ်းမြှောင်၌အစားအစာရရှိမှုမှာ ယခင်ကထက်အနည်းငယ်တိုးတက်လာသော်လည်း လူပေါင်း ၂ ဒသမ ၄ သန်းနေထိုင်ရာ သိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွင် အငတ်ဘေးအန္တရာယ် ဆက်ရှိနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here