အင်ဒို၌ ရေကြီးမြေပြို ၊၁၅ ဦး‌ေ-သဆုံး

0
104

ဂျကာတာ၊မေ ၄

အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် နိုင်ငံအလယ်ပိုင်းတွင် အိမ်ခြေဒါဇင်ပေါင်းများစွာနှင့် လမ်းများပျက်စီးခဲ့ပြီး လူ ၁၅ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း အစိုးရသဘာဝဘေးအန္တရာယ်ဌာနက မေလ ၄ ရက်နေ့ကပြောကြားခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီ၌ မြေပြိုလေ့ရှိပြီး သစ်တာပြုန်းတီးမှု ပိုမိုဆိုးရွားလာသဖြင့် အချို့သောနေရာများတွင် မိုးသည်းထန်စွာကြာရှည်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများလည်းမကြာခဏဖြစ်ပေါ်လေ့ရှိသည်။

တောင်ဘက်ဆူလာဝေစီကျွန်းရှိ လူဝူ ဒေသ၌ မြေပြိုခဲ့ပြီး ဒေသခံ ၁၄ ဦး‌ေ-သဆုံးကာ အိမ်ခြေ ၁၀၀ ကျော် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ပြီး အိမ် ၄၂ လုံးသည် ရေနှင့်မြောပါသွားသည့်အပြင် လမ်းမကြီးလေးခုနှင့်တံတားတစ်စင်းလည်းပျက်စီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်မတ်လကလည်း ဆူမားတြားကျွန်း၌ ရေကြီးမြေပြိုမှုများကြောင့် လူ ၃၀ ထက်မနည်း‌ေ-သဆုံးခဲ့ပြီး အိမ်များရေစီးနှင့်မြောပါပျက်စီးခဲ့သကဲ့သို့ ဟိုတယ်တစ်ခုလည်းပျက်စီးခဲ့ကြောင်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here