FIFA – MFF U 17 League အုပ်စုအဆင့် ပွဲစဉ်(၁၃) တွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ရရှိခဲ့သည့် အသင်းများစာရင်း ထွက်ပေါ်

0
239

FIFA – MFF U 17 League အုပ်စုအဆင့် ပွဲစဉ်(၁၃) တွင် အ နိုင်ဂိုးသွင်းယူခဲ့သည့် အသင်းများ၏ စာရင်းထွက်ပေါ် လာခဲ့ကာ ယမန်နေ့ ညနေပိုင်းက Naypyitaw United FC နှင့် City Shwepyithar FC အသင်းတို့ ယှဉ်ပြိုင်ကစားရာ Nay pyitaw United FC (၄)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။

အလားတူ Royal Yangon FC နှင့် Su Latt Myint Mo FC အသင်းတို့ယှဉ် ပြိုင်ကစားခဲ့ကြရာတွင် Su Latt Myint Mo FC အသင်းကလည်း (၄)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။

ထို့အပြင် မေလ(၃)ရက်နေ့ ညနေပိုင်းက Maubin FCနှင့် Insein City FC အသင်းတို့ ကစားကြရာတွင် Maubin FC က(၂)ဂိုးသွင်းယူအနိုင်ရရှိခဲ့ပြီး Shan FC နှင့် Burmese Yo uth FC အသင်းတို့ ကစားရာ၌ Shan FC က (၈)ဂိုးသွင်းယူအနိုင်ရခဲ့ခြင်းဖြစ်သည်။

ယနေ့ မေလ(၅)ရက် ညနေပိုင်းတွင် Rakhine United FC နှင့် Shwepyithar United FC၊ Artharwady FC နှင့် Phay simyay FC တို့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပြီးခဲ့သော အုပ်စုအဆင့် ပွဲစဉ်(၁၂) အပြီးတွင် အမှတ်ပေးဇ ယားရလာဒ် ရပ်တည်မှုအရ ရခိုင်ယူနိုက်တက်က (၃၄)မှ တ်ဖြင့် အသင်းအားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ရှမ်းယူနိုက်တက်က (၂၈)မှတ်ဖြင့် ဒုတိယနေရာ၌ လည်း ကော င်း၊ နေပြည်တော်ယူနိုက်တက်က (၂၅)မှတ်ဖြင့် တတိယနေ ရာ၌ လည်းကောင်း၊ ဆုလာဘ်မြင့်မိုရ် အသင်းက (၂၂) ဖြင့် စတုတ္တနေရာ၌ လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိသည်။

ထို့ပြင် ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သူစာ ရင်းအရ ဆုလာဘ်မြင့်မိုရ်အသင်းမှ စည်သူဖြိုးက (၁၅)ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းမှ ထူးဝဏ္ဏ က (၁၂)ဂိုး၊ အာသာဝ တီ ယူနိုက်တက်အသင်းမှ ကောင်းမြတ်အောင်က (၁၀)ဂိုးနှင့် ရှမ်းယူနိုက်တက်မှ ခေးရောင်မင်းလေးက (၉)ဂိုးဖြင့် အ များဆုံးသွင်းယူထားနိုင်ခဲ့သည်။

FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲတွင် အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာ (၂)ကျော့စနစ်ဖြင့် ကျ င်းပနေပြီး အမှတ်ပေးဇယားထိပ်ဆုံးရပ်တည်နိုင်မည့်အသ င်းမှာ ချန်ပီယံဆုဖလားရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here