မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် အပူဒဏ်ကာကွယ်နိုင်သော နေရာများ စီစဉ်ထားရှိရန်လိုအပ်

0
47

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ဒဏ်မှကြိုတင်ကာကွယ်နိုင်ရန် အပူဒဏ်ကာကွယ်နိုင်သော နေရာများ စီစဉ်ထားရှိရန်လိုအပ်ကြောင့်နှင့် ညနေပိုင်းမှသာ စားကျက်အတွင်း လွှတ်ကျောင်းခြင်းပြုရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးထားသည်။

အဆိုပါ အသိပေးချက်တွင် တိရစ္ဆာန်များကို အပူချိန်မြင့်သည့်အချိန်တွင် အရိပ်ရှိသောနေရာများ၌ ထားရှိရန်နှင့် နံနက်ပိုင်းနှင့် ညနေပိုင်းမှသာ လွှတ်ကျောင်းခြင်းပြုရန်၊သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စုဆောင်းရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ထားရန် သတိပေးထားသည်။

ထို့ပြင် ပူပြင်းသောဒဏ်ကို ကာကွယ်ရန်အတွက် ရေဓာတ်ပါသောအစားအစာများကို ဖြည့်စွက်ကျွေးမွေးရန်၊ ရွှေ့ပြောင်းရန်လိုအပ်ပါက သောက်သုံးရေရရှိနိုင်ပြီး အပူဒဏ်မှကာကွယ်နိုင်သော နေရာများ စီစဉ်ထားရှိရန်၊ အစားများဖြစ်သည့် ကောက်ရိုး၊ မြက်စို၊ မြက်နုများ စနစ်တကျ ကြိုတင်စုဆောင်းထားရန်၊ ကူးစက်ရောဂါဖြစ်ပွားကျရောက်စေခြင်းမရှိစေရန်အတွက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံထားရန်နှင့် မွေးမြူထားရှိသော ခြံနှင့် အစာသိုလှောင်ထားသောနေရာများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေပုံးများထားရှိရန် နှိုးဆော်ထားသည်။

မွေးမြူရေးတိရစ္ဆာန်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားရန်လည်း တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here