ပါလက်စတိုင်းထောက်ခံ ဆန္ဒပြမှုများကြောင့် အမေရိကန် တက္ကသိုလ်များမှ ဆိုင်းငံ့ခံရတဲ့ ကျောင်းသားတွေ ယီမင်မှာလာရောက် ပညာသင်ကြားဖို့ ဟူသီအဖွဲ့ ကမ်းလှမ်း 

0
100

ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေဘက်က ထောက်ခံရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသွားလာမှုတွေအပေါ် တိုက်ခိုက်နှောင့်ယှက်မှုလုပ်နေတဲ့ ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီပြည်သူ့စစ်အဖွဲ့က အစ္စရေးဆန့်ကျင်ရေး သပိတ်ဆင်နွှဲမှုတွေကြောင့် အမေရိကန်တက္ကသိုလ်တွေကနေ ဆိုင်းငံ့ခံလိုက်ရတဲ့ ကျောင်းသားတွေကို ယီမင်မှာ လာရောက်ပညာသင်ကြားကြဖို့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ 

ယခုအခါ (၇) လတာကာလကို ရောက်ရှိလာပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်မှုအဖြစ် အမေရိကန်ရှိ ဒါဇင်ချီတဲ့ တက္ကသိုလ်ကျောင်းဝန်းတွေမှာ ကျောင်းသားတွေ စုဝေးခြင်း သို့မဟုတ် ယာယီတဲတွေနဲ့ သပိတ်စခန်းချ ဆန္ဒထုတ်ဖော်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ဆန္ဒုပြသူတွေဟာ ဂါဇာမှာ သွေးထွက်သံယိုဖြစ်ရပ်တွေ ရပ်တန့်ရေးပိုမိုလုပ်ဆောင်ပေးဖို့ အစ္စရေးရဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်အပေါ် ထောက်ခံသော သမ္မတဘိုင်ဒင်ကို တောင်းဆိုခဲ့သလို အစ္စရေးအစိုးရကို ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်ပတ်သက်နေခြင်းမှ ခွဲထွက်ဖို့ ကျောင်းတွေကို တောင်းဆိုခဲ့ပါတယ်။ 

နယူးယောက်စီးတီးရှိ Ivy League ကိုလံဘီယာတက္ကသိုလ်အပါအဝင် ကျောင်းအတော်များများက ဆန္ဒပြမှုတွေကို နှိမ်နင်းပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ကြပါတယ်။ 

“ပါလက်စတိုင်းတွေကို ထောက်ခံတာကြောင့် အမေရိကန် တက္ကသိုလ်တွေကနေ ဆိုင်းငံ့ခံလိုက်ရတဲံ ကျောင်းသားတွေကို ကြိုဆိုဖို့ရာ ကျွန်တော်တို့ အလေးအနက်ထားပါတယ်” လို့ ဟူသီအဖွဲ့က စီမံခန့်ခွဲတဲ့ ဆာနာတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ရိုက်တာကို ပြောဆိုပါတယ်။ ပါလက်စတိုင်းတွေနဲ့အတူ မိမိတို့အနေနဲ့ တတ်နိုင်သမျှ နည်းလမ်းအစုံနဲ့ ဒီတိုက်ပွဲကို တိုက်နေကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။  

အမေရိကန်မှာ ကျောင်းသားတွေရဲ့ လူသားချင်းစာနာထောက်ထားတဲ့ ရပ်တည်ချက်ကို ချီးကျူးကြောင်းနဲ့ ယီမင်မှာ ဆက်လက်ပညာသင်ကြားနိုင်ပါကြောင်း ဆာနာတက္ကသိုလ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အမေရိကန်နဲ့ ဥရောပ တက္ကသိုလ်တေါက ပညာရှင်တွေနဲ့ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ဖိနှိပ်မှုများအား ရှုတ်ချကြောင်း တက္ကသိုလ်ဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပြီး ၎င်းတို့ရဲ့ ကမ်းလှမ်းချက်ကို ရယူလိုတဲ့ ကျောင်းသားတွေအတွက် အီးမေးလ်လိပ်စာတစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။ 

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here