အပစ်အခတ်ရပ်ရေးဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကိုင်ရိုသို့သွားမည်ဟု ဟားမတ်စ်ဆို

0
138

ဂါဇာကမ်းမြောင်၊မေ ၄

ခုနစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည့် အစ္စရေး – ဟားမတ်စ်စစ်ပွဲကို အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရန် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ သည်ကိုင်ရိုသို့သွားပြီဖြစ်ကြောင်း ဟားမတ်စ်ကပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်၌ ရက်ပေါင်း ၄၀ ကြာ တိုက်ပွဲများရပ်တန့်ရန်နှင့် ပါလက်စတိုင်းအကျဉ်းသားများနှင့် အစ္စရေးဓါးစာခံများလဲလှယ်ရန်အချက်များပါဝင်ပြီး ဟားမတ်စ်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်းသိရသည်။

ဟားမတ်စ်အကြီးအကဲကမူ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် စစ်သွေးကြွများကို အမြစ်ပြတ်ချေမှုန်းမည်ဟူသောစကားဖြင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လမ်းကြောင်းပြောင်းအောင်လုပ်နေသည်ဟုစွပ်စွဲပြောကြားခဲ့သည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏စတင်တိုက်ခိုက်မှုမှ ဖြစ်ပေါ်ခဲ့သည့်စစ်ပွဲ၌ လူပေါင်း ၁,၁၇၀ ခန့်သေဆုံးခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများကပြောကြားခဲ့သည်။

အစ္စရေး၏လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့်လည်း ဂါဇာ၌  လူပေါင်း ၃၄,၆၂၂ ဦး ထက်မနည်း သေဆုံးခဲ့ကာ အများစုမှာ အမျိုးသမီးများနှင့်ကလေးငယ်များဖြစ်ကြောင်း ဟားမတ်စ်ထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

အစ္စရေး၏ လက်တုန့်ပြန်မှုကြောင့် ပါလက်စတိုင်းလိုလားသူများ၏ ဆန္ဒပြမှုများလည်း ပျံ့နှံ့လာခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းမှုကာ လူပေါင်းထောင်ချီကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here