နို့ထွက်ကုန်ပစ္စည်းလုပ်သားများ ကြက်ငှက်တုပ် ကွေးဖြစ်ဖို့များ

0
77

ရှီကာဂို၊ မေ ၄

နို့စားနွားများကိုကူးစက်နိုင်သည့် H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် နို့ထွက်ကုန်ပစ္စည်းလုပ်သားများသည် အန္တရာယ်ရှိနိုင်ကြောင်း အမေရိက က မေလ ၃ ရက်‌နေ့တွင်သတိပေးခဲ့ပြီး အဆိုပါလုပ်သားများအနေဖြင့် ရောဂါပိုးမကူးစက်စေရန် အကာအကွယ်ပစ္စည်းများ ကိုဝတ်ဆင်သင့်သည်ဟုတိုက်တွန်းထားသည်။

ဖျားနာနေသောကြက်ငှက်များ၊တိရစ္ဆာန်များ၏မစင်များ၊ နို့အစိမ်းနှင့် ညစ်ညမ်းနေသောမျက်နှာပြင်များနှင့် တိုက်ရိုက် သို့မဟုတ် အနီးကပ်ထိတွေ့နေသည့် လယ်သမား၊အလုပ်သမားများနှင့် အရေးပေါ်ကယ်ဆယ်သူများအနေဖြင့် သင့်လျော်သည့်အကာအကွယ်ကိရိယာများကို ဝတ်ဆင်ရန်တိုက်တွန်းထားသည်ဟုသိရသည်။

ကြက်ငှက်ဗိုင်းရပ်ပိုးကူးစက်မှုသည် လူများသို့ကူးစက်မှုရှားပါးပြီး နို့ထွက်ကုန်ပစ္စည်းလုပ်သားများအား ကူးစက်နိုင်ခြေသည် အမေရိကန်ပြည်ထောင်စု၌ ဒုတိယမြောက်ကူးစက်မှုသာဖြစ်သည်ဟုဆိုသည်။  

အဆိုပါကြက်ငှက်တုပ်ကွေးသည် နို့တိုက်သတ္တဝါမျိုးစိတ်အမျိုးမျိုး၌ ဗိုင်းရပ်စ်ပျံ့နှံ့ရာမှ လူများကထိတွေ့မိခြင်းကြောင့် လူသားများထံ ဗိုင်းရပ်စ်ပိုးပိုမိုလွယ်ကူစွာပျံ့နှံ့လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်လာမည်ကိုပိုမို စိုးရိမ် နေကြသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here