တယ်လီမက်တစ်စနစ် တပ်ဆင်ရန် ပျက်ကွက်သည့် အဝေးပြေးခရီးသည်တင် ယာဉ်များအား အရေးယူမည် 

0
89

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေသည့် အဝေးပြေးခရီးသည်တင်အယာဉ်ကြီးများအားလုံး တယ်လီမက်တစ်စနစ်တပ်ဆင်ရန် ပျက်ကွက်ပါက  အရေးယူမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ယခုမေလမှ စတင်ကာ ခရီးသည်တင်ယာဉ်လိုင်းများကို သ တိပေးခြင်း၊ တားမြစ်ခြင်းနှင့် အရေးယူခြင်းများကိုပါ အဆ င့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တယ်လီမက်တစ်စနစ်ကို အဝေးပြေးခရီးသည်တင်ယာဉ် ကြီးများအားလုံးတွင်  တပ်ဆင်မှုကို Myanmar Millenni um Group က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်ကို  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တို င် အမှတ် (၀) မိုင်မှ (၃၃၆) မိုင်အတွင်း ဖြတ်သန်းသွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများတွင် တပ်ဆင်အသုံးပြုရမည် ဖြစ်ပြီး ၎င်းယာဉ်ကြီးများ သွား လာနေမှုကို Command & Control Center မှ  (၂၄)  နာရီစောင့်ကြည့်နေမည်ဖြစ်ကာ သတ်မှတ် လမ်းကြောင်း၊ သတ်မှ တ်မိုင်နှုန်းအတိုင်း မောင်းနှင်သွားလာမှု ရှိမရှိ စောင့်ကြည့်ခြင်းနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ် လာပါကလည်း စောင့်ကြည့်အကူအညီပေးမှုများ ပြုလုပ်နိုင်သည့်အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် အထောက် အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် ယခင်သွားလာနေသည့် တယ်လီမက်တစ်စနစ် တပ်ဆင်ကုန်တင်ယာဉ်နှင့် အဝေးပြေး ခရီးသည်တင်ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိခဲ့သော်လ ည်း ယခုနှစ် ဧပြီလတတိယပတ်အထိ အစီးရေ ၃၈၀၀ကျော် သာရှိပြီး တယ်လီမက်တစ်စနစ် တပ်ဆင်သော ယာဉ်လျော့ နည်းလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here