တညင်းကုန်းဈေးတွင် အမျိုးသား တစ်ဦး နေပူရှိန် မြင့်တ က်မှုကြောင့် မူးလဲမှုဖြစ်ပွား

0
158

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးထဲတွင် သန့်ရှင်းရေးလုပ်သား အမျိုးသားတစ်ဦး နေပူရှိန် မြင့်တက်မှုကြောင့် မူးလဲမှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။ 

မေ (၃)ရက်၊ နေ့လယ်ပိုင်းအချိန်က တညင်းကုန်းဈေး၊ ဈေးရုံ အမှတ်(၁)တွင် အမျိုးသား တစ်ဦး မူးလဲကျမှု ဖြစ်ပွားကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ ဆေးရုံပို့ဆောင်ပေးရန် ရုံးအဖွဲ့သို့ လူနာတင်ယာဉ် အကူညီ တောင်းခံချက်အရ တွဲလက်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ 

အဆိုပါ မူးလဲကျသည့် အသက် (၄၄) နှစ်အရွယ် အမျိုးသားကို လိုအပ်သည်များ ပြူစုကူညီပေးခဲ့ပြီး အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။  

“သန့်ရှင်းရေး လုပ်သား အမျိုးသား တစ်ဦး နေပူထဲ အလုပ် လုပ်နေရာကနေ မူးလဲလို့ အင်းစိန်ဆေးရုံသို့ အချိန်မီပို့ဆော င်ကူညီပေးခဲ့ပါတယ်။ ကာယလုပ်သားတွေ အထူးသတိပြု ဂရုစိုက်ဖို့ လိုအပ်ပါတယ်။”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့က ဆိုထားသည်။

မေ (၂) ရက်၊ နေ့လယ် (၂) နာရီခန့်ကလည်း သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သံသုမာလမ်းနှင့် လွတ်လပ် ရေး လမ်းထိပ်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုအောက်တွင် လုံခြုံ ရေး ဝန်ထမ်းတစ်ဦး ရုတ်တရက် လဲကျ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

နိုင်ငံတစ်ဝန်း ရာသီဥတု အပူလွန်ကဲခြင်းများ ဖြစ်ပေါ်နေ၍ နေ့စဉ်နီးပါး သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် အ သက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် မိဘပြည်သူ များ အထူးဂရုစိုက်ကြရန် လူမှုကူညီရေးအသင်းတို့မှလည်း အသိပေးပြောဆိုထားသည်။ 

နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကဲ့သို့ နာတာရှည် ရောဂါရှင်များအနေဖြင့် အပူဒဏ်ကို သတိထားရန် လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here