မြန်မာ – အိန္ဒိယ နှစ်နိုင်ငံပြစ်ဒဏ်ကျပြီး တရားခံများအား အပြန်အလှန်လွှဲပြောင်း

0
72

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံတို့၌ ပြစ်ဒဏ်ကျပြီးခဲ့သော တရား ခံများအား တမူးမြို့နယ်အတွင်းရှိ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် သံတံတားဂိတ်တွင် မေလ ( ၂)ရက် မွန်းလွဲပိုင်းက အပြန်အလှန်လွှဲပြောင်းခဲ့ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Imphal အကျဥ်းထောင်တွင် ထိန်းသိမ်းခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား (၃၈)ဦးနှင့် မြန်မာနိုင်ငံ တမူးအကျဥ်း‌ေထာင်တွင်ထိန်းသိ မ်းခံရပြီး လွတ်မြောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား( ၁) ဦးတို့အား နှစ်နိုင်ငံ တာဝန်ရှိသူများက နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဥပဒေမူဝါဒများနှင့်အညီ အပြန်အလှန်လွှဲပြောင်းခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ လွှဲပြောင်းလက်ခံခဲ့သည့် မြန်မာနိုင်ငံသားများကို တမူးမြို့ ဗောဓိတောရဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယာယီနေရာချထားပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်နှင့်လိုအပ်သည်များကို ဌာနဆိုင်ရာများမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြစ်ဒဏ်ကျခံခဲ့ပြီးသော တရားခံများအား အပြန်အလှန်လွှဲ ပြောင်းရာသို့ တမူးတပ်နယ်မှူး ဗိုလ်မှူးကြီးညီညီတင်၊ တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီး အောင်ခိုင်မိုး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ ခရို င်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန တမူးခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥ က္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များအိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများတက်ရောက်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here