ဇွန် (၃) ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် အပါအဝင် အခြေခံပညာကျောင်းများ တပြိုင်တည်းဖွင့်လှစ်မည်

0
158

လာမည့် ဇွန်လ (၃)ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္က သိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက် စပ်ဝန်ကြီးဌာန အသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ မေလ (၃) ရက်က နေပြည်တော် ပညာရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇွန်လ (၃) ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂ ရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီး ဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ် ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်၊ကျော င်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ်ကော င်းမွန်ရေးကို အလေးထားဆောင်ရွက်ကြရန်၊ အထူးသဖြင့် ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက  ဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိ အခြေခံပညာ၊ အဆင့်မြ င့်ပညာနှင့် ဆရာအတတ်ပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားစသည့် အားကစားနည်းပြိုင်ပွဲများကို ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အား ကစားချိန်တွင် အမှန်တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲ ကျင့်သုံးကြရန်၊ အချို့သောနယ်မြေများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအားလုံး ဇွန်လတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ပထမနှစ်ကျောင်းသား ကျောင်းသူကို လူရည် ချွန်များ ပြန်လည်ရွေးချယ်ခေါ်ယူသွားမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here