မြဝတီတွင် UID လက်မှတ် အမြန်ရရှိရေး ပွဲစားခ ကျပ်ငါးသောင်းအထိ ပေါက်ဈေးရှိနေဟုဆို

0
158

မြဝတီ-မဲဆောက် နှစ်နိုင်ငံဖြတ်သန်းခွင့်အား မေ (၁)ရက်မှစတင်၍ UID လက်မှတ်ပြနိုင်မှသာ ဖြတ်သန်းခွင့်ဆောင် ရွက်ပေးလျက်ရှိရာ ယင်း UID လက်မှတ်အမြန်ရရှိရေးအ တွက် ပွဲစားခကျပ်ငါးသောင်းအထိ ပေါက်ဈေးရှိနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

လက်ရှိတွင် မြဝတီမြို့၌ UID လက်မှတ်ရရှိရေးအတွက် တစ်မြို့လုံးနီးပါးလုပ်ဆောင်နေကြပြီး တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် အမြန်ရရှိရန် ကြားခံပွဲစားများက အခကြေးငွေရယူကာ ဆောင်ရွက်နေကြကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်ခွင့်အတွက် UID စာရွက်လုပ်ဆောင်ပေးရာတွင် နိုင်ငံတော်သို့ အခကြေးငွေမပေးဆောင်ရသော် လည်း နေပူဒဏ်မခံနိုင်ခြင်း၊ တန်းစီစောင့်ဆိုင်းနေရခြင်းနှင့် အမြန်ရလိုခြင်းတို့ကြောင့် ပွဲစားများကြားခံကာလုပ် ဆောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“UID အချက်အလက်ရေးသွင်းဖို့ နိုင်ငံတော်အစီအစဥ်နဲ့အခကြေးငွေ မပေးရပေမယ့် စောင့်ဆိုင်းရတာတွေ နေပူဒဏ်ခံရတာတွေနဲ့ အမြန်ရလိုသူတွေကြောင့် ပွဲစားတွေက တစ်ဦးကို ငါးသောင်းနဲ့ လုပ်ပေးနေတယ်။ အဲဒီထဲမှာလိမ်ခံရတဲ့ သူတွေလည်းရှိတယ်။ တန်းစီနေတဲ့ လူအုပ်ကြားထဲ ခါးပိုက်နှိုက်တဲ့ သူတွေလည်းရှိနေတယ်။ သတိထားကြဖို့ပါ”ဟု ဒေသခံ မြို့မိမြို့ဖ တစ်ဦးက ပြော သည်။

လက်ရှိတွင် Server Down ခြင်း၊ Internet Connection ကျခြင်းနှင့် ထိုင်းလျှပ်စစ်မီး မကြာခဏပျက်ခြင်းတို့ကြောင့် လုပ်ငန်းလုပ်ဆောင်ရာ၌ အခက်အခဲများကြုံလျက်ရှိကြောင်း သိရသည်။

မေလ(၁)ရက်မှ စတင်၍ UID စာရွက်ပါမှသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုမည်ဖြစ်သည့်အတွက် လုပ်ဆောင်သူ ရာနှင့်ချီ၍ ရှိနေကြောင်း သိရသည်။

UID စာရွက်ဆိုသည်မှာ အသက်(၁၀)နှစ်အထက်ရှိသူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝအချက်အလက်များကို ကောက် ယူမှတ်တမ်းတင်၍ ဂဏန်း(၁၀)လုံးပါရှိသည့် နိုင်ငံတော်အသိအမှတ်ပြုလက်မှတ်တစ်ခုအား သက်ဆိုင်ရာလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here