လူငယ်များကို အခြေခံ ရေကြောင်းနှင့် လေကြောင်းပညာသင်တန်းများနှင့်တန်းမြင့်သင်တန်းများ ပေးနေ

0
98

ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်း လူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိနေသည်။

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းကျောင်းသားများ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သင်ကြားပေးရာတွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ (၂၂) ရက်က စတင်ကာ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော် (ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၁) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၅၉) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်စခန်းတန်းခွဲ(၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၁၂၂) ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၉၇) ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၄၃) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ် စခန်းမှသင်တန်းသား၊သင်တန်းသူ (၁၅၅) ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၆၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၅၄) ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၅၂) ဦး၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား၊ သင်တန်းသူ (၆၁) ဦးနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ (၄၅) ဦးတို့ကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော် (ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း (၁၀) ခုမှသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၁၈) ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းအသိပညာနှင့် ဒေသန္တရဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ သက်ဆိုင်ရာသင် တန်း စခန်းအလိုက် နည်းပြ/အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများမှဦးစီး၍ တပ်မတော် (လေ)၊ လေတပ်စခန်း ဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များသို့ လည်းကောင်း၊ အခြားဗဟုသုတ ရဖွယ်နေရာများနှင့် ဒေသအလိုက် အထင်ကရနေရာများသို့လည်း ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here