အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည်ဟု ကိုလံဘီယာ သမ္မတ ပြောကြား

0
75

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနိုင်ငံ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည်ဖြစ်ကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရိုက  ပြောကြားခဲ့သည်။

ကိုလံဘီယာသမ္မတ သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် အစ္စရေးအား လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲသည့် တောင်အာဖရိက၏ အမှုတွင် ပါဝင်ရန် နေတန်ယာဟုအား တောင်းဆိုခဲ့သည်။

သူ၏လုပ်ရပ်သည် အစ္စရေးစစ်အခြေစိုက်စခန်းများနှင့် အသိုင်းအဝိုင်းများကို အသေအပျောက်များစေသည့် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ အတွက် ဆုလာဘ်တစ်ခုဖြစ်ကြောင်းကိုလည်း ဂူစတာဗို ပီထရို က ပြောကြားခဲ့သည်။

ကိုလံဘီယာ၊ ချီလီနှင့် ဟွန်ဒူးရပ်စ်တို့ အပါအဝင် လက်တင်အမေရိကရှိ အခြားနိုင်ငံအများအပြားကလည်း ၎င်းတို့၏ သံတမန်များကို အစ္စရေးနိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံကလည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်တွင် အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here