အပူလှိုင်းဝင်၍ ဗီယက်နမ်တွင်ငါးအမြောက်အမြားသေဆုံး

0
128

ဒေါင်နိုင်း၊မေ ၁

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဒေါင်နိုင်းပြည်နယ်ရှိ ရေလှောင်တမံတစ်ခုတွင် ငါးကောင်ရေသိန်းနှင့်ချီ ကာ သေဆုံးခဲ့သဖြင့် ဒေသခံများနှင့်မီဒီယာများက ပြင်းထန်သည့် အပူလှိုင်းဖြစ်ပေါ်ခိုက် တမံကိုစီမံခန့်ခွဲမှုအ‌ပေါ်အပြစ်တင်နေကြသည်ဟုလည်းသိရသည်။

အပူလှိုင်းဖြတ်မှုဒဏ်ကြောင့် မကြာသေးမီက စာသင်ကျောင်းများပါပိတ်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသည့် အရှေ့တောင်အာရှနိုင်ငံအများစုကဲ့သို့ပင် ဗီယက်နမ်တောင်ပိုင်းနှင့်အလယ်ပိုင်းတို့သည်လည်းအပူဒဏ်ခံခဲ့ရသည်။

Song May ရေလှောင်တမံအတွင်းရှိ ငါးများသည် အပူချိန်ကြောင့် ရေနည်းလာချိန်၌သေဆုံးရခြင်းဖြစ်ကာ တမံအတွင်း ရေပင်မမြင်ရလောက်အောင်ဖြစ်ပြီး အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်က လူများ အနံ့မခံနိုင်ဖြစ်နေရသည်ဟုသိရသည်။

မီဒီယာများ၏အဆိုအရ အဆိုပါဧရိယာသည် ရက်သတ္တပတ်များအတွင်း မိုးမရွာဘဲ ရေလှောင်တမံအတွင်းရှိရေသည် နည်းပါးလွန်းလာကာ ရေနေသတ္တဝါများ အသက်ရှင်ရန်ခက်ခဲသည်အထိဖြစ်ခဲ့ရသည်ဟုလည်းသိရသည်။

အာဏာပိုင်များအနေဖြင့် ရေဆိုးများကို စွန့်ထုတ်ကာ ရေအသစ်ဖြည့်သွင်းပြီး ရေသွင်းစိုက်ရသည့်သီးနှံများနှင့် ရေနေသတ္တဝါများကို ကယ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း ယင်းအစီအစဉ်သည်မအောင်မြင်ဘဲ ယခုကဲ့သို့ ငါးများသေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

သေဆုံးနေသည့်ငါးများကို အမြန်ဆုံးဖယ်ရှားနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ယခုပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟုယူဆကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here