ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေး ပြို င်ဘက်အသင်းအား ဟက်ထရစ်သွင်းယူ

0
69

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ ပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းနှင့် တက္ကသိုလ်အသင်းတို့ ယမ န် နေ့ မေ(၁)ရက်က ယှဉ်ပြိုင်ကစားကြရာတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ရန်ကျော်ထွေးက ပြိုင်ဘက်အသင်းအား ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်းနှစ်သင်း ယှဉ်ပြိုင်ရာတွင် ရန်ကုန်ယူနိုက်တက်အသင်းက လေးဂိုးသွင်းယူခဲ့ပြီး အနိုင်ရရှိခဲ့ကာ၊ အသ င်းအတွက် နိုင်ငံခြားသားကစား သမားဂျီဒီယွန်တက်တက် (၁) ဂိုးနှင့် ရန်ကျော်ထွေးက (၃)ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သ ည်။

ပွဲစဉ်တွင် ဂျီဒီယွန်တက်တက် အား အထောင်တိုက်စစ်နေရာတွင် ထည့်သွင်းအသုံးပြုခဲ့ပြီး ရန်ကုန်အသင်းအတွက် ဦး ဆောင်ဂိုးကို ပွဲချိန် (၈) မိနစ်တွင် အောင်မျိုးခန့်၏ အနီးကပ်ပေးပို့မှုမှတဆင့် ဂျီဒီယွန်တက်တက် က (၁၈ )ကိုက်အကွာမှ အပြင်းကန်ချက်ဖြင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ဒုတိယပိုင်း ပွဲချိန် (၄၈) မိနစ်တွင် ရန်နိုင်ဦး ဂိုးရှေ့ချပေးသည့်ဘော လုံးကို ရန်ကျော်ထွေးက ဘယ်ခြမ်းမှ
သွင်းဂိုး တစ်ဂိုးအား လည်းကောင်း၊ ပွဲချိန်(၅၂)မိနစ်တွင် နောက်ထက်တစ်ဂိုးအားလည်းကောင်း ၊ ပွဲချိန် (၇၄) မိနစ်တွင် ဉာဏ်လင်းထက် ဂိုးရှေ့ချပေးသည့် ဘောလုံးကို ရန်ကျော်ထွေး ကပင် ဂိုးသမားဘယ်ထောင့်ကို တစ်ဂိုး အသီး သီးသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက တ က္ကသိုလ်အသင်းကို(၄) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သ ည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် (၆) ပွဲကစား၊ (၆) ပွဲနိုင်၊ ရမှတ် (၁၈) မှတ်နှင့် အုပ်စုကိုဦးဆောင်နေပြီး လာမည့် မေလ (၁၃) ရက်၊ သုဝဏ္ဏကွင်းတွင် GFA အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here