အာရှအပူလှိုင်းဒဏ်ကို အိမ်မွေးခွေးများနှင့်ခွေးလေခွေးလွင့်များခံစားနေကြရ

0
120

ကိုလ်းကတ္တား၊မေ ၁

အာရှတစ်ဝန်း အပူလှိုင်းဒဏ်ကို ခံနေကြရာ၌ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၌လည်း အပူချိန်မြင့်တက်မှုကြောင့် အိမ်မွေးခွေးများနှင့် လေလွင့်ခွေးများသည် အဆိုပါအပူလှိုင်းဒဏ်ကို ခံစားနေကြရသည်ဟုသိရသည်။

အပူဒဏ်ကြောင့် အိမ်မွေးခွေးလေးများသည် အရေပြားနီရဲယောင်ယမ်းခြင်း၊နှာခေါင်းသွေးလျှံခြင်းနှင့်သတိလစ်ခြင်းများဖြစ်ပေါ်နေကြသဖြင့် တိရစ္ဆာန်ဆေးကုခန်းများ၌ တိုးဝှေ့နေကြရသည်။

“အိမ်မွေးတိရစ္ဆာန်တော်တော်များများဟာ သုံးရက် ဒါမှမဟုတ် လေးရက်ဆက်တိုက်ဆိုသလို ဆေးရုံတက် ​ေနကြရပြီး ပုံမှန်ပြန်ဖြစ်ဖို့အတွက် အချိန်အတော်ကြာပါတယ်” ဟုလည်းဆိုကြသည်။

တိရစ္ဆာန် ​ေမွးသူတစ်ဦးကမူ ၎င်းအိမ်၌မွေးထားသည့်ကြောင်လေးနှစ်ကောင်သည် အစာမစားဘဲ အပြင်လည်းမထွက်ဘဲ အခန်းထဲ၌သာနေနေသည်ဟုလည်းပြောကြားခဲ့သည်။

စည်ပင်အာဏာပိုင်များ၏ပြောကြားချက်အရ အိမ်မွေးခွေးလေးများကို ဂရုစိုက်ပြုစုမည့်သခင်ရှိသော်လည်း လေလွင့်ခွေးများ၏အခြေအနေမှာ ပိုမိုဆိုးရွားလာကာ လေလွင့်ခွေး ၇၀,၀၀၀ ခန့်သည် နေပူဒဏ်ခံနိုင်ရန် နေ့ခင်းအချိန်၌ ကားများ၏ အောက်၌လည်းကောင်း၊လူအချို့ပြုလုပ်ပေးထားသည့် အပူဒဏ်ခံအမိုးများအောက်၌လည်းကောင်း  ခက်ခဲစွာနေထိုင်ကြရသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here