လုပ်ငန်းလိုင်စင် စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သ ည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို  ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများပြုလုပ်နေ

0
120

လုပ်ငန်းလိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သ ည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

မေလ (၁) ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေး ရုံများအသင်း၏ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လ ည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဥပဒေနှင့်အညီ စည်းက မ်းတကျ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီး ဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ပု ဂ္ဂလိကဆေးရုံ (၂၉၅)ရုံကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားကြော င်း သိရသည်။

အဆိုပါ ဆေးရုံများအားလုံး မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း အသင်းဝင်များဖြစ်စေရန် စည်းရုံးဆောင်ရွက်ရန် လိုအပ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် နှိုးဆော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများ သက်တ မ်းရှိ သတ်မှတ်လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိ စွန်းထားသူများ မဖြစ်စေရေးအတွက် စိစစ်ဆောင်ရွက်လျ က်ရှိသဖြင့် အသင်းဝင်များကလည်း အလေးထားလိုက်နာဆောင်ရွက်စေလိုကြောင်းလည်း ဝန်ကြီးက ဆိုသည်။

ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပြည်တွင်းပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သောစက်ရုံများမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဦးစားပေးဝယ်ယူသုံးစွဲစေလိုပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးမရှိမဖြစ်ဆေးဝါးများ စျေးကွက်အတွင်း စဉ်ဆက်မပြတ် လက်လှမ်းမီရရှိစေရေး၊ စျေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအ သင်းနှင့် ပူးပေါင်းညှိနှိုင်းကာ လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသ င်းအနေဖြင့် ကောင်းမွန်သောရည်ရွယ်ချက်၊ လုပ်ဆောင်ချ က်များဖြင့် ပုဂ္ဂလိကဆေးရုံများ၏ အရည်အသွေးကို ထိန်း သိမ်းမြှင့်တင်ကာ ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆော င်ရွက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here