သုံးနှစ်ကျော်အတွင်း မြန်မာ့မီးရထား လမ်းကွန်ရက်တစ်ခုလုံးတွင် မိုင်းထောင်မီးရှို့ဖျက်ဆီးခံရမှု အကြိမ်ရေ (၂၀၀) နီးပါးအထိ ရှိလာ

0
159

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ယနေ့အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် မိုင်းထောင်ဖျက် ဆီးခြင်းအပါအဝင် မီးရှို့ဖျက်ဆီးမှု အကြိမ်အရေအတွက်မှာ (၂၀၀)နီးပါးအထိ ရှိလာကြောင်း နိုင်ငံပိုင်သတင်းတစ်ရ ပ်တွင်ဖော်ပြထားသည်။

ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရာ၌ ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲဖျက်ဆီးမှု (၁၃၁) ကြိမ်၊ ရထားလမ်းတံတားများအား မိုင်းခွဲဖျက်ဆီးမှု (၅၄) ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးမှု (၁၂)ကြိမ် ရှိခဲ့ကြောင်း ဆိုသည်။

ယင်းသို့ မိုင်းထောင်ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် လတ်တ လောအနေဖြင့် ယမန်‌နေ့ မေလ(၁)နံနက် (၂) နာရီအချိန်ခန့်၌ ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၏ အနောက်မြောက်ဘက် မီတာ (၂,၀၀၀) ခန့်အကွာရှိ ကညွတ်ကွင်းမြို့နှင့်ညော င် ပင်သာမြို့ကြား၊ မိုင်တိုင်အမှတ် (၁၁၈/၀ ) နှင့် တံတားအ မှတ် (၁၉၂)နေရာ ရန်ကုန် – မန္တလေးကားလမ်းပေါ်ရှိ အရှည် (၇၀)ပေ အကျယ်(၆၄)ပေ ငနုသန်းသံကူကွန်ကရစ်တံတားအား မိုင်းထောင် ဖောက်ခွဲမှုကြောင့် တံတား၏ အလယ် အ လျား (၅၀) ပေခန့်နှင့်အကျယ် ( ၅၀) ပေခန့်ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ၎င်းတံတား၏ အနောက်မြောက်ဘက် မီတာ (၇ ၀၀) ခန့်အကွာရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ရထားလမ်းဟောင်း၌ ရထားလ မ်းသံဘောင် နှစ်ခုမှာ (၁၀) ပေခန့် ပြုတ်ထွက်ပျက်စီး၍ ရ ထားလမ်းသစ် သံဘောင်နှစ်ခုမှာ ပေ (၂၀)ခန့် ပြုတ်ထွက် ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ အများပြည်သူ သွားလာရေး၊ ကုန်စည်စီးဆင်းမှုများအား ထိခိုက်ဆုံးရှုံးမှုဖြစ်စေခဲ့ရပြီး၊ စစ်ရေးနှင့်မသက် ဆိုင်သော အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းတံ တားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော် ပြထားသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် ယင်းဒေသအ တွင်း လူနှင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်းနှင့် လမ်းတံတားပျက်စီးမှုများအား သက်ဆိုင်ရာ လမ်း/တံ တား ဦးစီးဌာနမှ အမြန်ဆုံးပြင်ဆင်နိုင်ရေးဆက်လက် ဆောင်ရွ က်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Coun ter-Terrorism ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here