ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းချိုးသူ ရေနစ်ကာအသက်ဆုံးရှုံး

0
146

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်းသို့ အသက် (၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ကာ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။

မေလ (၁)ရက် နေ့လယ် (၂)နာရီ (၃၅) မိနစ်အချိန်ခန့်က ဒုဋ္ဌဝတီမြစ်အတွင်း ရေနစ်ပျောက်ဆုံးသွားသည့် အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးအား ကူညီရှာဖွေပေးရန် ကာယကံရှင် မိသားစုဝင်များမှ ဆက်သွယ်အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတို င်းရုံး) မှ Rescue Diver Team (Myanmar) အဖွဲ့ဝင်များမှရှာဖွေ​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအား ညနေ (၅)နာရီ (၃)မိနစ်၌ ရှာဖွေတွေ့ရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here