မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သမိုင်းဝင် ထင်ရှားသော ဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် တပ်ဆင်မည်

0
235

ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်(Pagoda Digital Direc tory)ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများတွင်ပါ တပ်ဆင်သွားမည်ဖြစ်ကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပြောသည်။

မေလ (၁) ရက်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စေ တီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pa goda Digital Directory) များ တပ်ဆင်မည့်အခြေ အနေ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မ န္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားအပါအဝင် (၉)ဆူကိုစတင်ဆောင်ရွက်ခဲ့ပြီး ပဲခူးမြို့ရှိရွှေမော်ဓောဘုရားကို ထပ်မံထည့် သွင်း၍ ၎င်းဘုရား (၁၀) ဆူ တို့၏ Pagoda Digital Direc tory ကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Pagoda Digital Directory ဖြင့် Websiteများ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦး စီးဌာန ကွန်ပျူတာတက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ) ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထ င်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် နောင်လာနောက်သား မျိုးဆ က်သစ်များအနေဖြင့် မိမိတို့၏ဘာသာ၊ သာသနာရေးနှင့်ပ တ်သက်၍ အလွယ်တကူသိရှိ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်ကြော င်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တန်ခိုးကြီး ဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့် အခြေအနေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ နည်းပညာရပ်ဆိုင်ရာများကို မန္တလေးနည်းပ ညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ အကူ အညီရယူဆောင်ရွက်သွားမည့် အခြေအနေတို့ကို တိုင်းဒေ သကြီးဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ပုဂံရှေးဟောင်းဒေသရှိ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်၊ မန္တလေးမဟာမြတ်မုနိဘုရားတို့တွင် Pagoda Digital Directory ဆောင် ရွက်နေပြီး ပုဂံရှေးဟောင်းဒေသတွင် ဘုရားစေတီ (၁၈) ဆူတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here