မီးသွေးဖိုကျေးရွာရှိ သင်္ဘောကျင်းတွင် ရပ်ထားသည့် ကုန်တင်/ခရီးသည်တင် သင်္ဘော တစ်စင်း မီးလောင်

0
84

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေး ရွာအုပ်စု၊ မီးသွေးဖိုကျေးရွာရှိ သင်္ဘောကျင်းတွင် ရပ်ထားသည့် ကုန်တင်/ခရီးသည်တင် သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။ 

ယနေ့ မေ (၂)ရက် နံနက် (၄)နာရီခွဲအချိန်က အဆိုပါ သင်္ဘောကျင်းတွင် သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လပွတ္တာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လပွတ္တာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တ ပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ 

ထိုသို့ ငြှိမ်းသတ်ရာတွင် မိနစ် (၄၀)ခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၅)နာရီ (၁၀)မိနစ်အချိန်တွင် မီးငြှိးမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့ရသည့် ကုန်တင်/ခရီးသည်တင် သင်္ဘောမှာ ပြန်လည်ပြုပြင်နေသည့် သင်္ဘောတစ်စင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here