ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့်သဘာဝ ဓာတ် ငွေ့ ရရှိမှုလျော့နည်းနေခြင်းကြောင့် ဝန်အားလျှော့ချမှုများပြုလုပ်နေရဟုဆို

0
78

နိုင်ငံတော်၏ လျှပ်စစ်ဓာဆ်အား လိုအပ်ချက်မှာ နှစ်စဉ် ၉ ရာခိုင်နှုန်းတိုးတက်သုံးစွဲလျက်ရှိပြီး စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်ကာ တပ်ဆင်အင်အားအတိုင်း စက်များအားစွမ်း အားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိသော်လည်း လ က်ရှိတွင် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့်သဘာဝ ဓာတ်ငွေ့ ရရှိမှုလျော့နည်းနေခြင်းကြောင့် ဝန်အားလျှော့ချမှုများပြုလုပ်နေရကြောင်း လျှပ်စစ်စွမ်းအားဝန် ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေမှာလျှပ်စ စ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အ လိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အ င်အား (၃၂၂၈)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (၂၇)ရုံ ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄)မဂ္ဂါဝပ်၊ ကျောက်မီး သွေးသုံးစက်ရုံ (၂)ရုံ၏ တပ်ဆင်စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား(၁၈၀) မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏စက် တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိကြောင်း သိရသည်။

သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂) ၊ (၃) တို့မှ(၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ်(၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် ဓာတ် အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်းထုတ်လုပ်နေရခြင်းဖြစ်သည်။

အလားတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးမှာ ၅၀ ရာခိုင်နှုန်း ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခုကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေ အား နှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့နည်းထုတ်လုပ်ရလျ က်ရှိပြီး ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အ တွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

သို့သော် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက် ပုံမှန်မိုးရွာ သွန်းနိုင်မှုအော က်တွင် ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း ၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ် စစ်ဓာတ်အားထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

ဖော်ပြပါ အခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ (၃၈ %) အား အချိုးကျခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အ ပိုင်းအခြားအလိုက်ခွဲဝေဖြန့်ဖြူးထားသော်လည်း ရုတ်တ ရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံသတ်မှတ်ကြိမ်နှုန်း (Frequency)အောက်ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွ က် ဗဟိုဓာတ်အားကွပ်ကဲရေးဌာန(National Control Centre) မှ အရေးပေါ်ဝန်အားလျော့ချရန်အတွက်ဓာတ်အားဖြတ်တောက်ရခြင်းများကို ပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အားရရှိချိန်အတွင်းတိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဆိုသည်။

သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွ က် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလ ည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူ ထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် မေတ္တာ ရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here