ဂျပန်ကုမ္ပဏီ (၄၀၀) ကျော်မှ မြန်မာအလုပ်သမား (၁၁၀၀) ကျော် ခေါ်ယူမည်

0
134

ဂျပန်ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမားဦးရေ (၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၄၀၀) ကျော် သ ည် မြန်မာအလုပ်သမား အမျိုးသား (၃၈၀) ကျော်၊ အမျိုးသ မီး (၈၁၀) ကျော် စုစုပေါင်း (၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။

မြန်မာသံရုံး အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စီစစ်ဆောင်ရွက်ပေးလျ က်ရှိပြီး ထိုသို့စီစစ် ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ် သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစီစစ်ပြီး စီစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင် ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက်အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မတ် (၁၉) ရက်အထိ လက်ခံရရှိ၍ စီစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၀၈) ခုနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here