ထိုင်း – မြန်မာ နှစ်နိုင်ငံ လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ကာကွယ် ရေးဦးစီးချုပ်(လေ) ချစ်ကြည်ရေး ခရီးသွားရောက်

0
161

ထိုင်း-မြန်မာ နှစ်နိုင်ငံ လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ဧပြီ(၃၀) ရက် ညနေပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ) ကိုယ် စားလှယ်အဖွဲ့မှာ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် မြန်မာနှင့်ထိုင်း လေတပ်နှစ်ရပ်အ ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရန်အတွက် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သည့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်အတူ တပ်မတော်(လေ)မှ အရာရှိကြီးများ လိုက်ပါသွားပြီး ခရီးစဉ်တွင် နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here