အပူလှိုင်းကြောင့် အိန္ဒိယဒေသအချို့ ဧပြီလတွင် စံချိတင်ပူပြင်းမှုတွေကြုံတွေ့ခဲ့ပြီး သေဆုံးသူ ၉ ဦးထက်မနည်းရှိ 

0
97

ဆိုင်ကလုန်းဖျက် ကာလတွင်လေဟာ ကုန်းမြေကနေ ပင်လယ်ဘက်ကို တိုက်ခတ်တဲ့အတွက် မြေပြင်က ပိုပူလာပြီး အပူချိန်မြင့်တက်လာ

         အိန္ဒိယရဲ့ ဒေသအချို့ အပူလှိုင်းကျရောက်ချိန်  ကြုံမူကြောင့် နိုင်ငံရဲ့ အရှေ့ပိုင်းဒေသမှာ ဧပြီလအတွင်း စံချိန်တင်ပူပြင်းမှုကို ကြုံတွေ့ခဲ့ရကာ သေဆုံးသူ ၉ ဦးထက်မနည်းရှိကြောင်း သိရပါတယ်။ ပုံမှန်ထက်လွန်ကဲတဲ့ အပူချိန်ဟာ မေလအထိကြုံတွေ့ရနိုင်တယ်လို့ မိုးလေဝသဋ္ဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။ဒီကာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပနေချိန်နဲ့လည်းကြုံ​နေတာဖြစ်ပါတယ်။

      ဧပြီ ၁၉ ရက်မှာ စတင်ခဲ့တဲ့ အဆင့် ၇ ဆင့်ပါ ပါလီမန်ရွေးကောက်ပွဲတွေမှာ မဲလာရောက်ထည့်သူ နည်းပါးရခြင်းဟာ အပူရှိန်ပြင်းလွန်းမှုက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

     သို့ပေမယ့် အပူလှိုင်းအခြေအနေဟာ လာမယ့်ရက်တွေမှာတော့ တဖြည်းဖြည်းသက်သာလာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ 

       အိန္ဒိယအရှေ့ပိုင်းမှာ ဧပြီလရဲ့ ပျှမ်းမျှအပူချိန်ဟာ ၂၈.၁၂ ဆဲလ်စီးယပ်စ်ဖြစ်ပြီး မှတ်တမ်းများစတင်ခဲ့တဲ့ ၁၉၀၁ ခုနှစ်နောက်ပိုင်း အပူဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

        “အယ်နီညိုနှစ်က ပိုပူစေလိမ့်မယ်” လို့ အိန္ဒိယမိုးလေဝသဋ္ဌာန အကြီးအကဲ မရပ်ယမ်ဂျေး မိုဟာပါထရာက အာရှမှာ ပူပြင်းခြောက်သွေ့ကာ အမေရိကဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းလေ့ရှိတဲ့ ရာသီဥတုဖြစ်စဉ်ကို ရည်ညွန်းပြောဆိုပါတယ်။ 

       အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ မိုးသက်မုန်တိုင်းတွေ နည်းပါးလာခြင်းနဲ့ ဆိုင်ကလုန်းဖျက် လည်ပတ်မှုတွေက အပူလှိုင်းတွေကို ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ပြောဆိုပါတယ်။ ဆိုင်ကလုန်းဖျက် ကာလအတွင်းမှာ လေဟာ ကုန်းမြေကနေ ပင်လယ်ဘက်ကို တိုက်ခတ်တဲ့အတွက် မြေပြင်က ပိုပူလာပြီး အပူချိန်မြင့်တက်လာတယ်လို့ဆိုပါတယ်။ 

       ဧပြီလမှာ အိန္ဒိယအရှေ့ပိုင်းပြည်နယ် အနောက်ဘင်ဂေါမှာ အပူလှိုင်းကျရောက်တဲ့နေ့တွေဟာ စံချိန်တင်အရေအတွက်ဖြစ်ခဲ့ပြီး ၁၅ နှစ်အတွင်း ယင်းလမှာ အများဆုံးရက်အရေအတွက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းရဲ့ အိမ်နီးချင်း ကမ်းရိုးတန်းပြည်နယ်သြရစ်သျှမှာလည်း ၉ နှစ်အတွင်း အဆိုးဝါးဆုံး အပူချိန်အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

     ဒါ့အပြင် အနောက်တောင်ပိုင်း ကမ်းရိုးတန်းပြည်နယ် ကီရာလာမှာ ရှားပါးအပူလှိုင်းတစ်ခုဖြစ်ကျော်လိမ့်မယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။ ယင်းပြည်နယ်မှာ စံချိန်တင် အပူချိန်တွေကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးထားခဲ့တယ်လို့ သိရပါတယ်။

 Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here