လားရှိုးတွင် နိုင်ငံကူးလက်မှတ်အား Online Appointment System ဖြင့် ပြောင်းလဲ သတ်မှတ်

0
103

လားရှိုးမြို့ရှိတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင်  နိုင်ငံကူး လက်မှတ် လျှောက်ထားမည့်သူများ အနေဖြင့် ယ ခင်လူတန်းစီစနစ်ဖြင့် ရက် ချိန်းယူရ‌သော်လည်း မေလ(၂) ရက်မှစတင်၍ Online Appointment System ဖြင့်ပြော င်းလဲသတ်မှတ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထုတ်ပြန်ထားသည်။

အလားတူ ယခင်က လူတန်းစီစနစ်ဖြင့် ဆောင်ရွက်ပေးနေသော မြစ်ကြီးနား၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင်လ ည်း မေလ(၂)ရက်မှစတင်၍ Online Appointment Syste m ဖြင့်သာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားမည့် သူများအ‌နေဖြင့် မေ လ (၁)ရက် နံနက် (၉)နာရီအချိန်မှ စတင်ကာ ရက်ချိန်းယူနိုင်ကြောင်း သိရသည်။

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းနှင့် Online Bo oking လျှောက်ထားနိုင်ပြီး ကယားပြည်နယ် အိမ်ထောင်စု စာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ပါကြောင်း အသိပေးထားသည်။

ထို့အပြင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လက် ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံကူးလက်မှတ်လျှော က်ထားသူများ ရက်ချိန်းယူရာတွင် မိမိတို့၏အိမ်ထော င်စုစာရင်းရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သည့် www.passport.gov.mm တွင် ကြိုတင်လေ့လာနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here