တရုတ်က တတိယမြောက် လေယာဉ်တင်သင်္ဘောကိုစမ်းသပ်ခုတ်မောင်း

0
310

တရုတ်နိုင်ငံဟာ ၎င်းရဲ့ တတိယမြောက်နဲ့ ခေတ်မီဆန်းပြားဆုံး လေယာဉ်တင်သင်္ဘော Fujian ကို ဗုဒ္ဓဟူးနေ့မှာ ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းမှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ လေယာဉ်တင် သင်္ဘောကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာမှာ တရုတ်ရေတပ်က အခုလို ကနဦးစမ်းသပ်ခုတ်မောင်းမှုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းမှာပဲ လုံးလုံး လျားလျား အခြေတည် တည်ဆောက်ခဲ့တဲ့ Fujian ဟာ ၂၀၁၉ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တဲ့ Shandong၊ ၁၉၉၈ ခုနှစ်က ယူကရိန်းထံကနေ တစ်ပတ်ရစ်အဖြစ် ဝယ်ယူတည်ဆောက်ခဲ့တဲ့ Liaoning လေယာဉ်တင်သင်္ဘောနှစ်စင်းလုံးထက် နည်းပညာနဲ့ အရွယ်အစားပိုင်းမှာ သာလွန်တယ်လို့ သိရပါတယ်။

Fujian ကို ရှန်ဟိုင်းရှိ သင်္ဘောကျင်းကနေ ဒီနေ့(မေ ၁) မနက် ၈ နာရီမထိုးခင်လောက်မှာ ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းခရီးစတင်ခဲ့တာဖြစ်တယ်လို့ စီစီတီဗီသတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

ဂျက်လေယာဉ်တွေအတွက် Catapult-launch ပျံသန်းစနစ်တစ်ခုနဲ့အတူ ပြန့်ပြူးတဲ့ လေယာဉ်ပျံသန်းရာကုန်းပတ်ပါဝင်ပါတယ်။ Fujian ဟာ တရုတ်ပြည်နယ်တစ်ခုကို အစွဲပြုအမည်ပေးထားတာဖြစ်ပြီး ယင်းပြည်နယ်ဟာ ဒီမိုကရက်တစ် ထိုင်ဝမ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်ပါတယ်။ ရှန်ဟိုင်းရဲ့ ကျင်းနန်သင်္ဘောကျင်းမှာ ရှိနေစဉ်ကတည်းက Fujian ကို ကျယ်ပြန့်တဲ့စမ်းသပ်မှုတွေလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။

ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းခြင်းဟာ သင်္ဘောကို တရုတ်ရေတပ်မတော်သို့ တရားဝင် တပ်တော်ဝင်ခြင်းမပြုမီ နောက်ဆုံးအဆင့် စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။

Ref: TOI


LEAVE A REPLY

Please enter your comment!
Please enter your name here