မေလ ၅ ရက်မှ ၁၀ ရက်အထိ ပြင်သစ်၊ ဆာဘီးယားနဲ့ ဟန်ဂေရီနိုင်ငံများသို့ တရုတ်သမ္မတ သွားရောက်မည်

0
56

တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်ဟာ မေလ ၅ ရက်ကနေ ၁၀ ရက်အထိ ပြင်သစ်၊ ဆာဘီးယားနဲ့ ဟန်ဂေရီနိုင်ငံများကို သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့(ဧပြီ ၂၉) မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြင်သစ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ကောင်းမွန်တိုးတက်မှု အရှိန်အဟုန်ကို ထိန်းထားပြီး နှစ်နိုင်ငံစလုံးဟာ မဟာဗျူမြောက် ဆက်သွယ်ရေးနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်လို့ ရှီရဲ့ ပြင်သစ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ရာ ပြင်သစ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံက မျှော်လင့်နေကြောင်းလည်း လင်းက ပြောဆိုပါတယ်။

ရှီဟာ ဆာဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစစ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ အမြင်ချင်းဖလှယ်ဆွေးနွေးသွားကြမှာဖြစ်သလို တရုတ်-ဆာဘီးယား ဆက်ဆံရေး အဆင့်မြှင့်တင်ဖို့ကိုလည်း ဆွေးနွေးမှာဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here