မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအပြီး ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သော တိုက်စစ်မှူးများ

0
112

ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့ကြသည့် MNL League Cup 2024 ပွဲစဉ်များအပြီးတွင် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးများ စာရင်းကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ ဂိုးအများဆုံး သွင်းယူထားသူများစာရင်းတွင် မဟာယူနိုက်တက်တိုက်စစ်မှူး အီဒူဘတ်ပက်ထရစ်နှင့် ရခိုင်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကိုတို့က သွင်းဂိုး(၆)ဂိုးစီ သွင်းယူထားနိုင်ပြီး အား/ကာသိပ္ပံတိုက်စစ်မှူး ဝင်းပြည့်မောင်က သွင်းဂိုး(၅) ဂိုး ရရှိထားသည်။ 

ထို့ပြင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဂျီဒီအွန်တပ်တက်နှင့် လမင်းထွေး၊ ရှမ်းယူနိုက်တက်အသင်းမှ တိုက်စစ်မှူး စအောင်ပြည့်ကိုနှင့် မိုတို၊ ဒဂုံစတားယူနိုက်တက်တိုက်စစ်မှူး  ပီတာအောင်ဝေထူးနှင့် မဟာယူနိုက်တက်အသင်း ကွင်းလယ်လူ အောင်လှိုင်ဝင်းတို့က သွင်းဂိုး (၄) ဂိုးစီ သွင်းယူထားခြင်းဖြ စ်သည်။

ယခု ဂိုးအများဆုံးသွင်းယူခဲ့သော တိုက် စစ်မှူးများထဲမှအချို့သည် ပထမအကျော့ အုပ်စုပွဲစဥ်များ အပြီးတွင်လည်း ဂိုးသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးပေးမှုများလည်း စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here