ပဲခူးတိုင်းဒေသကြီးသို့ ဧပြီလအတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ(၁)သန်း ဝင်

0
55

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ယခု ဧပြီလအတွင်း နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၆၀) ဦး ဖန်တီးပေးနိုင်ခဲ့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ ဧပြီ (၂၉)ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီးယင်းအစည်း​ဝေးမှသိရသည်။

စက်ရုံလုပ်ငန်းများ ထူထောင်ရာတွင် သတ်မှတ်ထားသည့် စက်မှုဇုန်အတွင်း၌သာ ဦးစားပေးခွင့်ပြုပေးသွားရမည်ဖြစ်ပြီး လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စရပ်များ လွယ်ကူစွာ စီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်/ လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် ရုံးလုပ်ငန်းများတွင် ကြ န့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်သည့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးသွားရန် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ပနှင့် ပြည်တွင်းအကျိုးတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု အမည်ပြောင်းလဲ လျှောက်ထားမှုများတွင် သက်ဆိုင်ရာ သတ်မှတ်အခွန်ငွေများ အပြေအကြေပေးသွင်းကြရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။ 

ဒေသခံလုပ်သား အများအပြားကို အလုပ်အကိုင် ဖန်တီးပေးနိုင်သည့် CMP လုပ်ငန်းများနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူသုံးကုန် ထုတ်လုပ်သည့် စက်ရုံများကို ဦးစားပေးဖိတ်ခေါ်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းအား​ပေးခဲ့သည်။  

ထိုနောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူးက ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်င န်းသစ်တစ်ခုနှင့် တည်ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တိုးတက်ထုတ်လုပ်မည့် စီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။  

ထို့ပြင် တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံ မှု ကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြမှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီ လအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ် လာ (၁၉၉.၀၁၅) သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမြန်မာကျပ် ငွေ(၈၁၁၁၁.၀၁၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၁၅၉၇) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here