အင်ဒိုနီးရှားသံရုံး၌ ကျင်းပသည့် အာဆီယံဈေးပွဲတော်တွင် မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ

0
51

ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်း ဦးဆောင်သည့် မြန်မာသံရုံး၊ စစ်သံရုံးနှင့် ကမ္ဘောဒီး ယားနိုင်ငံရောက် မြန်မာပညာတော်သင်များမှ ဧပြီ (၂၇) ရ က်တွင် အင်ဒိုနီးရှားသံရုံး၌ ကျင်းပသည့် အာဆီယံဈေးပွဲ တော် (ASEAN Bazaar) တွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ 

ဈေးပွဲတော်သို့ အထူးဧည်သည်တော်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Sok Chenda Sophea တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖနွမ်းပင်အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်မိ သားစုများ၊ ကမ္ဘောဒီးယား သံတမန်များနှင့် မိသားစုဝင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၁,၀၀၀ ကျော်ခန့် ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။ 

ဈေးပွဲတော်၌ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံသံရုံးများက နိုင်ငံအလိုက် ရိုးရာအစားအသောက်နှင့် ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချခဲ့ကြပြီး နိုင်ငံအလိုက် ယဉ်ကျေးမှု အကများနှင့် ကာရာအိုကေသီချင်းဆို ပြိုင်ပွဲများ၊ ကံစမ်းမဲအစီအစဉ်များဖြင့် စည်ကားသိုက်မြို က်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံး၊စစ်သံရုံးမိသားစုများအနေဖြင့် ရိုးရာယဉ်ကျေး မှု ပစ္စည်းများနှင့် ထွက်ကုန်များကို ခင်းကျင်းပြသ ရောင်းချသည့်အပြင် မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ မြန်မာ့အစားအစာ လက်ဖက်နှင့် မြန်မာ့လက်ဖက်ရည်တို့ကိုပါ မိတ်ဆက်တ ည်ခင်းခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာပညာတော်သင်များက သူငယ်တော် အကအပြင် အင်္ဂလိပ်၊ ခမာသီချင်း(၂) ပုဒ်ဖြင့် ပါဝင်သီဆိုခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here