MNL League Cup 2024 အုပ်စု (D) ဒုတိယအကျော့ပွဲစဉ်များ ယှဉ်ပြိုင်ကစားမှု ဂိုးရလာဒ်များထွက်ပေါ်

0
45

ယနေ့ ဧပြီ (၂၈) ရက် ညနေပိုင်းက ပဒုမ္မာကွင်းနှင့် University Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲ အုပ်စု (D) ၏ ဒုတိယအကျော့ ပွဲစဉ်များ၏ ဂိုးရလဒ်များ ထွက်ပေါ်လာပြီ ဖြစ်သည်။

ပဒုမ္မာကွင်း၌ ကစားခဲ့သည့် မြဝတီအသင်းနှင့် သစ္စာအားမာန် အသင်းတို့ ယှဉ်ပြိုင်ကစားကြခဲ့ကြရာ သစ္စာအားမာန်အသင်းက ပြိုင်ဘက် မြဝတီအသင်းအား (၄)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။

သစ္စာအားမာန် အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် (၆ ) မိနစ်တွင် စောမျိုးဇော်၊ ပွဲချိန် (၁၆)နှင့် (၃၁ )မိနစ်တွင် နိုင်ဝင်းထွန်း၊ ပွဲချိန် (၁၇) မိနစ်တွင် မင်းမော်ဦးတို့က သွင်းယူပေးခဲ့ကြခြင်း ဖြစ်သည်။

မြဝတီအသင်းကလည်း ချေပဂိုး နှစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပြီး၊ ပွဲချိန် (၅၆) မိနစ်တွင် ကောင်းစည်သူ၊ ပွဲချိန် (၆၂) မိနစ်တွင် ကောင်းထက်လင်းတို့က သွင်းယူပေးခဲ့သည်။

ယနေ့ အုပ်စုအဆင့် အနိုင်ရရှိခဲ့သည့် သစ္စာအားမာန်အသင်းသည် အနိုင်ဂိုးများကို ပထမပိုင်း၌ သွင်းယူခဲ့ခြင်းဖြစ်ပြီး မြဝတီအသင်းသည် ချေပဂိုး နှစ်ဂိုးကို ဒုတိယပိုင်းတွင် အသီးသီးသွင်းယူခဲ့ကြခြင်းဖြစ်သည်။

သစ္စာအားမာန်အသင်းသည် အုပ်စုပွဲစဉ် ငါးပွဲကစားအပြီးတွင် နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စု တတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး မြဝတီ အသင်းသည် ငါးပွဲကစားအပြီးတွင် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် လေးမှတ် ဖြင့် အဆင့် စတုတ္ထနေရာတွင် ဆက်လက်ရပ်တည်နေသည်။

ထို့ပြင် ယနေ့တွင် တစ်ချိန်တည်းကစားခဲ့သည့် အုပ်စု (D) ပွဲစဉ်တစ်ခုဖြစ်သည့် ISPE အသင်းနှင့် ရက္ခပူရယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ISPE အသင်းက (၆)ဂိုး သွင်းယူ၍ အနိူင်ရရှိခဲ့သည်။

ISPE အသင်းသည် အုပ်စု ပွဲစဉ် ငါးပွဲကစားအပြီးတွင် လေးပွဲ နိုင်၊ တစ်ပွဲ သရေ ရမှတ် (၁၃) မှတ်ဖြင့် အုပ်စုအဆင့် (၁) နေရာတွင် ဆက်လက် ရပ်တည်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here