ရန်ကုန်နှင့် မန္တလေး ဘောလုံးအကယ်ဒမီ ကျောင်းများရှိ ကျောင်းသားများ အားလုံးအတန်းတင် စာမေးပွဲများ အောင်မြင်

0
120

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)တွင် တက်ရောက်သင်ယူနေသည့် ကျောင်းသားများအားလုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲများ ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများမှာ Grade 5 မှ Grade 11 အထိ ဝင်ရောက် ဖြေဆိုထားကြခြင်းဖြစ်ပြီး အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)မှ ကျောင်းသား (၆၀) ဦး၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှကျောင်းသား (၉၁)ဦး အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဘောလုံးအကယ်ဒမီ ကျောင်းများမှ Grade 12 ဝင်ရောက်ဖြေဆိုထားသည့် ကျောင်းသားများအနေဖြင့် မန္တလေးမှ ကျောင်းသား (၄) ဦးနှင့် ရန်ကုန်မှ (၁) ဦးရှိကြောင်း သိရသည်။

မြန်မာဘောလုံး အကယ်ဒမီ ကျောင်းများတွင် ဘောလုံးပညာအား တက်ရောက်သင်ယူနေသော ကျောင်းသားများအားလုံးကို ဘောလုံးပညာသာမက အတန်းပညာကိုပါ အခမဲ့သင်ကြားပို့ချပေးလျက်ရှိသည်။

ယခု ၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့အတွက် ကျောင်းသားသစ်များကို TDS Scouting Program ကျင်းပ၍ ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဧပြီလ(၂၃) ရက်တွင် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here