ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်လာ

0
65

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာဒေသထွက် ပိုးဇာသီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တစ်ရာသီလျင် ကျပ် (၁၀)သိန်းကျော် ဝင်ငွေရရှိကြောင်း ပိုးဇာသီးစိုက်ပျိုးသူများထံမှ သိရသည်။

ကသာဒေသတွင် မတ်လမှစတင်၍ ပိုးဇာသီးလှိုင်လှိုင်ပေါ်ရာ နို့ဆီဘူး (၁)ဘူးကျပ်(၅၀၀)ဖြင့် ရောင်းချကြပြီး စိုက်ပျိုးသူများအနေဖြင့် တစ်ရက်ရောင်းရငွေမှာ ကျပ်လေးသောင်းမှ ငါးသောင်းအတွင်းရရှိကြောင်း သိရသည်။

ပိုးဇာသီးပင်သက်တမ်းသည် (၅)နှစ်ရှိပြီး စတင်စိုက်ပျိုးချိန်မှ(၂)နှစ်ခန့်အကြာတွင် အသီးစတင်သီးကာ နှစ်စဉ်ဖေဖော်ဝါရီလဆန်းတွင် အရွက်နု၊ အညွန့်များ စထွက်ပြီး အသီးလိုက်လာကာ ဖေဖော်ဝါရီလကုန်ပိုင်းမှ ဧပြီလကုန်ပိုင်းအထိ အသီးသီးလေ့ရှိကြောင်း သိရသည်။

“အသီးကုန်သွားရင် အပင်ကိုင်းတွေ အကုန်ခုတ်ပစ်ရပြီး ခုတ်ထားတဲ့ ကိုင်းရင်းတွေကို ပြန်စိုက်လို့ရတယ်။ စိုက်ရင် မြေဆွေး၊ မြေဩဇာထည့်စိုက်ပျိုးရပြီး ရေကြိုက်ပင်ဖြစ်တဲ့အတွက် ရေပုံမှန်လောင်းပေးရတယ်”ဟု ပိုးဇာပင် စိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ပိုးဇာသီးမှည့်၍ ဆွတ်ခူးရောင်းချလျင် ပေါ်စက နို့ဆီဘူး(၁) ဘူး ကျပ်(၅၀၀) ရောင်းရပြီး ဖောက်သည်ဈေးအနေဖြင့် တစ်ပြည်လျင် ကျပ် (၃၀၀၀)ကျပ်ရောင်းချရသည်။

ပိုးဇာသီးကို အသီးအတိုင်း စားသုံးကြသလို ဖျော်ရည်ဖျော်၍ သောက်သုံးမှုများပြီး ပိုဇာသီးဖျော်ရည်သည် သွေးကြောများကို သန့်ရှင်းစေပြီး နှလုံးသွေးကြောကျဉ်းခြင်းကို အထူးကောင်းမွန်သဖြင့် သဘာဝဓာတ်စာအဖြစ် စားသုံးလေ့ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here