တိုင်းဒေသကြီး သုံးခုတွင် ဆန်စပါး Export Zone များလုပ်မည်

0
143

ပြည်ပဈေးကွက်မှ တောင်းဆိုထားသည့် ဆန်စပါးအမျိုးအစားများကို ထုတ်လုပ်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး သုံးခုတွင် ဆန်စပါး Export Zone များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ ထုတ်လုပ်သည့် ဆန်စပါးများကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန်သာမက ပြည်ပတင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Export Zone များကို ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင် စတင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရ – ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးမှုအရ ပြည်ပသို့ တင်ပို့မည့် သီးနှံများအတွက် လိုအပ်မည့် မျိုး (၆) မျိုး သတ်မှတ်ထားပြီး ယင်းတွင် ဆင်းသုခနှင့် ရက် (၉၀) တို့ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၁.၆) သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိထားကြောင်း သိရသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၂) သန်းနီးပါး တင်ပို့ရန် လျာထားပြီး ပြည်ပဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိရန်မျှော်မှန်းထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here