ရာသီကြို ခြေစမ်းပွဲ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းက ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းကို လေးဂိုးသွင်းယူ၍ ဂိုးပြန်ဖြင့် အနိုင်ရရှိ

0
41

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့ ဧပြီ (၂၇) ရက် ညနေပိုင်းက စလင်းကွင်းအတွင်း ရာသီကြိုခြေစမ်းပွဲ ကစားခဲ့ကြရာ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းကို လေးဂိုးသွင်းယူ၍ ဂိုးပြန်ဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် (၂၉) မိနစ်တွင် အေးအေးထွေး၊ ပွဲချိန် (၅၅) မိနစ်တွင် ပန်းအိနွယ်၊ ပွဲချိန် (၆၄) မိနစ်တွင် ယွန်းဝတီလှိုင်နှင့် ပွဲချိန် (၈၅) မိနစ်တွင် မြနှင်းဝေတို့က အသီးသီး သွင်းယူပေးခဲ့ခြင်းဖြစ် သည်။

ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းသည် ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ရာတွင် ISPE အသင်းနှင့် သရေ ရလာဒ်ထွက်ပေါ်ထားသည်။

ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည်လည်း ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ရာ ဧရာဝတီအမျိုးသမီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် နိုင်ထားပြီး ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းကို လေးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here