ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု စွမ်းအင် ဒုတိ ယဝန်ကြီးပြော

0
70

ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ပြောသည်။

ဧပြီ (၂၇) ရက်၊ နံနက်ပိုင်းတွင် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းနှင့် ရတနာစု ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ်အား သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ်ကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်နေခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရေး၊ လူနေမှုစနစ်မြင့်မားစေရေးအတွက် ရေနံဓာတ်ငွေ့ရည်ကို တွင်ကျယ်စွာအစားထိုး အသုံးပြုလာနိုင်စေရန်တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

အဆိုပါ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အရည်အသွေး၊ စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရေးနှင့် ဘဏ္ဍာငွေလေလွင့်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်လည်း ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် အနာဂတ်တွင် ရေနံဓာတ်ငွေ့ရည်ကို သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက်ပါ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားကြရန်လည်း တိုက်တွန်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here