ကမ္ဘောဒီးယားစစ်စခန်းတစ်ခု၌ လက်နက်ခဲယမ်းများပေါက်ကွဲမှုကြောင့် စစ်သား ၂၀ ဦး‌ေ-သဆုံး

0
61

ဖနွမ်းပင်၊ဧပြီ ၂၇

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် စနေနေ့မွန်းလွဲပိုင်းကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ စစ်သား ၂၀ ဦး‌ေ-သဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးချုပ်ဟွန်မန်နက်ကပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟွန်မာနက်က Kampong Speu ပြည်နယ်အခြေစိုက်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွား‌ကြောင်းသတင်းရချိန်၌ အရမ်းတုန်လှုပ်မိကြောင်း ၎င်း၏လူမှုကွန်ရက်၌ရေးသားထားသည်။ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းအားမသိရသေးဟုလည်းဆိုခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှဓါတ်ပုံများအရ ဆိုးရွားစွာ ပျက်စီးနေသည့် အဆောက်အအုံများမှာ မီးတောက်လောင်နေဆဲဖြစ်ပြီး ခေါင်မိုးများပြိုကျကာ စစ်သားများသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်ဟုလည်းဖော်ပြထားသည်။အခြားဓာတ်ပုံများ၌မူ ခေါင်မိုးအပေါက်များရှိသော အိမ်များကိုလည်းမြင်တွေ့ရသည်။

လက်နက်သိုလှောင်သည့်အဆောက်အအုံ ၃ လုံးအပါအဝင် အဆောက်အအုံ ၄ လုံးပျက်စီးကာ တပ်မတော်သုံး မော်တော်ယာဉ်အများအပြား ပျက်စီးခဲ့ကြောင်းလည်းရေးသားထားသည်။ထို့အပြင် အနီးနားရှိ ရွာသားများ၏ နေအိမ် ၂၅ လုံးလည်းပျက်စီးသွားကြောင်းဆက်လက်ပြောကြားခဲ့သည်။

ဒေသတွင်းအခြားနိုင်ငံအများအပြားကဲ့သို့ပင် ကမ္ဘောဒီးယားသည်လည်း ပြင်းထန်သောအပူလှိုင်းဒဏ်ကိုခံစားနေရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ပြည်နယ်သည် စနေနေ့က အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိကာ အမြင့်ဆုံးအဖြစ်မှတ်တမ်းတင်ခဲ့သည့်အချိန်လည်းဖြစ်သည်။

မစ္စတာဟွန်မာနက်ကမူ စစ်သားများ၏မိသားစုဝင်များအား ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ‌ေ-သဆုံးသူများ၏ ဈာပနအခမ်းအနားစရိတ်ကိုအစိုးရကပေးဆောင်မည်ဖြစ်ကာ ဒဏ်ရာရသူများကိုလည်းလျော်ကြေးငွေပေးဆောင်မည်ဟုကတိပြုခဲ့သည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here