ရုရှားနှင့်မဟာမိတ်များ အာရှ၌စစ်ရေးလေ့ကျင့်မှုပိုလုပ်သင့်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးဆို

0
105

အက်စတာနာ၊ဧပြီ ၂၆

အာရှ ဒေသတွင်း၌ အမေရိက က ပိုမိုဩဇာလွှမ်းမိုးရန် လုပ်ဆောင်နေခြင်း နှင့်

အမေရိက၏ ခြိမ်းခြောက်မှုများကြောင့်  ရုရှားနှင့်၎င်း၏မဟာမိတ်များအနေဖြင့် အာရှေဒသတွင်း၌ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုပိုမို တိုးချဲ့သင့်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

ရုရှား၊အိန္ဒိယ၊တရုတ်၊အီရန်၊ပါကစ္စတန်၊ကာဇက်စတန်၊ဥဇဘက်ကစ္စတန်၊ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်တို့ပါဝင်သော လုံခြုံရေးအဖွဲ့များ၏ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး အစည်းအဝေးတွင်၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးကိုတက်ရောက်လာတဲ့သူတွေအနေနဲ့လည်း အမေရိကနဲ့သူရဲ့မဟာမိတ်တွေဘက်က ဒေသတွင်းစစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေ ဖြန့်ကျက်လာတာမျိုးကိုလက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

ထို့ကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏စစ်ရေးလေ့ကျင့်မှုနယ်ပယ်နှင့် ပထဝီဝင်အနေအထားများအား ချဲ့ထွင်သင့်သည်ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သေးသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here