တရုတ်က ရုရှားကို အားပေးနေခြင်းကို စိုးရိမ်ဟုဘလင်ကန်ဆို

0
200

ပေကျင်း၊ဧပြီ ၂၆

ကမ္ဘာ့အင်အားကြီးစီးပွားရေးနိုင်ငံနှစ်ခုဖြစ်သည့် အမေရိကနှင့်တရုတ်တို့အား ပြဿနာများစွာဖြစ်စေသည့်အကြောင်းအရာများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရုရှား – ယူကရိန်းအရေး၌ တရုတ်သည် ရုရှားကို အားပေးထောက်ပံ့နေမှုများနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပေကျင်းသို့ရောက်ရှိစဉ်ပြောကြားခဲ့သည်။

“မစ္စတာဘလင်ကန်အနေနဲ့ မစ္စတာဝမ်ယိနဲ့တွေ့ဆုံစဉ်မှာ တရုတ်ရဲ့ရုရှားကိုထောက်ပံ့မှုနှင့်ပတ်သက်ပြီးစိုးရိမ်ကြောင်းပြောကြားခဲ့သလို နှစ်နိုင်ငံကြားပြဿနာများဖြစ်တဲ့ ထိုင်ဝမ်အရေးနဲ့တောင်တရုတ်ပင်လယ်ရေးရာတွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာကပြောကြားခဲ့သည်။

သို့သော် တရုတ်ကမူ မော်စကိုနှင့် အကန့်အသတ်မရှိသည့်ပူးပေါင်းဆောင်ရွက်မှုများအား ကတိပြုထားသော်လည်း လက်နက်ထောက်ပံ့မှုမျိုးမရှိကြောင်းအခိုင်အမာပြောကြားထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်တာဝန်ရှိသူများကမူ တရုတ်ကုမ္ပဏီများသည် စစ်ပွဲ၏အရှိန်ကိုပြောင်းလဲစေမည့် လက်နက်အကူအညီပေးနေသည်ဟုဆိုခဲ့သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ ပိုမိုတိုးပွားလာသော စက်ကိရိယာများတင်သွင်းမှုသည် ရုရှား၏ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုအား တိုးမြှင့်နိုင်ရန်ကူညီပေးနိုင်ခြင်းမျိုးဖြစ်သည်ဟုလည်းဆိုသည်။

တရုတ်ကလည်း ၎င်းအနေဖြင့် ရုရှားအားလက်နက်ထောက်ပံ့ခြင်းမျိုးမရှိသလို ယူကရိန်း – ရုရှားအရေး၌ ပါဝင်ပတ်သက်သူမဟုတ်ကြောင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံကြားလက်နက်မှလွဲ၍ အခြားသာမန်ကူးသန်းရောင်းဝယ်မှုနှင့်ကုန်သွယ်မှုကိုမူ နှောင့်ယှက်ဟန့်တားခြင်းမျိုးမလုပ်သင့်ကြောင်းကိုလည်းပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here