ယူကရိန်းအား လေကြောင်းကာကွယ်ရေးစနစ်ကိုမထောက်ပံ့ဟုဂရိပြော

0
70

အေသင်၊ဧပြီ ၂၆

အီးယူနှင့်နေတိုးအဖွဲ့များက ယူကရိန်းအား စစ်ရေးအကူအညီပိုမိုပေးပို့ရန် ဖိအားပိုေပးကာတောင်းဆိုထားသော်လည်း ဂရိအနေဖြင့် “ပက်ထရီးရော့ထ်စ်” သို့ “ S – 300 ” ကဲ့သို့သော လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ေထာက်ပံ့မည်မဟုတ်ကြောင်း ဂရိဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းကို လေကြောင်းမှ ပိုမိုတိုက်ခိုက်လာသည့်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ရှိသည့် ဂရိနှင့်စပိန်တို့ကဲ့သို့သောနိုင်ငံများအား ယူကရိန်းအတွက်လေကြောင်းရန်ကာကွယ်ရေး ကို ကူညီပေးရန် အီးယူကဖိအားပေးလျက်ရှိသည်။

ဥရောပသမဂ္ဂဝန်ကြီးများကမူ ၎င်းတို့အနေဖြင့် ယူကရိန်းအား လေကြောင်းရန်ကာကွယ်ရေးအတွက် မည်သို့ပံ့ပိုးပေးရမည်ကို အရေးတကြီး နည်းလမ်းရှာနေကြောင်း တနင်္လာနေ့ကပြောကြားခဲ့သော်လည်း ယခုကဲ့သို့ေသာပက်ထရီးရော့ထ်စ် ဒံုး စနစ်အားမပံ့ပိုးသည့် အတွက်လည်း မေးခွန်းအထုတ်ခံနေရသည်။

ဂရိကမူ ၎င်းတို့အနေဖြင့် ယခုကဲ့သို့ မေးခွန်းအထုတ်ခံရသည့်အပေါ် ဖြေရှင်းပြီးသားဖြစ်ကြောင်းဆိုကာ ၎င်းတို့အနေဖြင့် တုကီယေးနှင့်တင်းမာမှုများအကြားတွင် ယခုကာကွယ်ရေးစနစ်သည် အရေးကြီးသောအရာတစ်ခုဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ဂရိအနေဖြင့် ယူကရိန်းအား လေကြောင်းကာကွယ်ရေးစနစ်သာ မထောက်ပံ့ခြင်းဖြစ်ပြီး ယခင်ကတည်းက ယူကရိန်းအား ထောင်နှင့်ချီသည့် ဒုံးပျံများ၊ဖောက်ခွဲရေးပစ္စည်းများ၊IVF ယာဉ်များ၊ပေါက်ကွဲစေတတ်သောလောင်စာများ၊ခဲယမ်းမီးကျောက်များနှင့်တင့်ကားဖျက်ဒုံးကျည်များအားပံ့ပိုးပေးခဲ့ဖူးသည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here